Tuesday, July 6, 2010

“ ကြားနေတို့ ရဲ့ သွားရာလမ်း ”

မြန်မာ့အရေး နှောင့်နှေးကြန့် ကြာနေတယ်ဆိုတာကိုတော့ အများက လက္ခံကြမှာပါ၊ ထာဝရ တော်လှန်ရေးသမား ဆိုသူတွေက လွဲရင်ပေါ့လေ။ နှစ် ပေါင်းနှစ်ဆယ်ကျော် နှောင့်နှေးကြန့် ကြာ လာပြီဖြစ်တဲ့ မြန်မာ့အရေးကို မြန်မာ့နိုင်ငံရေး အတိုက်အခံခေါင်း ဆောင် ဆိုသူတွေက ပြန်လည် သုံးသပ် ကြဖို့ စိတ်ကူးမရကြပေမယ့် ယ္ခုအာဏာရလာတဲ့ အမေရိကန်အစိုးရကတော့ ပြန်လည် သုံး သပ်ပါတော့တယ်၊ သုံးသပ်ချက်တွေက ထွက်ပေါ်လာတဲ့ အဖြေအတိုင်း စတင်အကောင်အထည် ဖေါ် ဆောင်ရွက်ချက်ရဲ့  တစိတ်တပိုင်းကို မြင်နေရပါပြီ၊ အဲဒါကတော့ မစ္စတာယက်တော၊ ဒေါ်အောင်ဆန်း စုကြည်၊ မစ္စတာဂျင်ဝက်နဲ့ ဗိုလ်ချုပ်မှုးကြီး သန်း ရွှေတို့ ရဲ့ ၂၀၀၉ ခုနှစ် ဇူလိုင်၊ သြဂုတ်လတွေမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆန်းပါပဲ။ ဆန်းတယ်ပြောပြော ရမ်း တယ်ပဲဆိုဆို ခပ်ရင့်ရင့် လှုပ် ရှား မှု့ တွေကိုတော့ တွေ့ လိုက်ကြရပါပြီ၊ နိုင်ငံရေးကို သဘောပေါက်သူတွေအတွက်ကတော့ မအံသြကြပါဘူး။
ဒေါ်စုအိမ်ထဲကို ခိုးဝင်နေကြ ယက်တောက မြန်မာအစိုးရရဲ့ အကြောင်းကိုကောင်းကောင်း သိသလို သူ့ အမေရိကန်အစိုးရ အ ကြောင်းကိုလည်း ကောင်းကောင်းသိပါတယ်၊ ဒါကြောင့်လည်း နောက်ထပ်အကြိမ်တရာလောက်တောင် ဝင်ချင်ရင်ဝင်နေအုန်း မယ်လို့ ဘန်ကောက်မှာ ယက်တော ကပြောလာတာပေါ့၊ မဲဆောက်မှာ အေအေပီပီရုံးကို ဝင်ထွက်သွားလာလုပ်ခဲ့တယ်၊ အမျိုး သမီး တယောက်နဲ့ လည်း ဆွေးနွေးစကားပြောကြား ခဲ့ပြီး ဒေါ်စုအိမ်ကို ခိုးဝင်နေကြ ယက်တော ကို ဗိုလ်သန်းရွှေတို့ က ပြည်ဝင် ဗီဇာပေးခဲ့တယ်။ အစဉ်အမြဲဆိုသလို အဝေးရောအနီးပါ စောင့် ကြပ်ကြည့်ရှု နေ လေ့ရှိတဲ့ ဒေါ်စုအိမ်ရဲ့ လုံခြုံရေးဆိုတာကို ယက် တောအတွက်တော့ အသာကလေး ဝင်နှိုင်ဖို့ လမ်းဖွင့်ထားသလိုဖြစ်နေတာ အမှန်ပါပဲ။

ယက်တောလာရင် ဒေါ်စုအိမ်ကို လာ တတ်တာမို့ တာဝန်သိပြီး သတင်းပို့ ခဲ့ဘူးတဲ့ ဒေါက်တာတင်မျိုးဝင်းကိုလည်း ခေတ္တဖမ်းထားလိုက်ပါ သေးတယ်၊ ဂျွန်ယက်တော ဟာ သတင်းတွေမှာဖေါ်ပြသလို စိတ်မနှံ့ တဲ့ ကြောင်တောင်တောင်လူ တယောက် ဟုတ်မဟုတ်ဆိုတာကတော့ သိနှိုင်ခက်ခဲ့ တဲ့ကိစ္စပါ၊ ပြီးတော့ သူ့ အိပ်မက်ထဲက အတိုင်းဒေါ်စုလုံခြုံ ရေးကို ဂရုစိုက်ဖို့ ဘုရားသ္ခင်ကမှာလိုက်တယ်ဆိုတဲ့ စကားတွေကို နှစ်ရက် နှစ်ညတိုင်တိုင် ယက်တော ကပြောနေခဲ့ပါသလား၊ ဒေါ်စုကလည်း စိတ်ရှည်လက်ရှည်သီးခံပြီး နားထောင်ပေးခဲ့ရပါသ လား၊ ဘာဘဲဖြစ်ဖြစ် ဖြစ်ရပ်ကတော့ပြီးခဲ့ပါပြီ။


၄၈ ဥပဒေလဲ မဟုတ် ၇၄ ဥပဒေလဲမမည်တဲ့ ဥပဒေနဲ့ ယက်တောရော ဒေါ်စုပါ ထပ်ပြီး အဖမ်းခံလိုက်ကြရပါတယ်၊ ဘာဥပဒေမှန်းမသိတဲ့ ဥပဒေနဲ့  အပြစ်ဒဏ်တွေ ကျခံလိုက်ကြရပြန် ပါတယ်။ ဒေါ်စုအတွက်ကတော့ လုံးဝမလုံခြုံတော့ပါဘူး၊ နောက်တစ်ခါ သူ့ အိမ်ထဲကို လူတ ယောက်လွှတ်ပေး လိုက်၊ ထပ်ပြီးဖမ်းလိုက်နဲ့ လုပ်ချင်တိုင်း လုပ်နှိုင်နေတယ်ဆိုတာထင်ရှားပါတယ်၊ တကယ် တော့ ဒေါ်စုရဲ့ လုံခြုံရေးအတွက်တာဝန်အရှိဆုံး လူသည် ဒေါ်စုကိုချုပ်နှောင်ဖို့ အမိန့် ပေး ထားတဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေပါပဲ။ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အပြစ်မရှိတဲ့ ဒေါ်စုကို ထပ်ခါထပ်ခါ၊ ဖမ်းဆီးအရေး ယူနေပြန်ပါပြီ။ ဒါက ဗမာပြည်မှာ ဥပဒေမရှိဘူး အာဏာပဲရှိတယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြနေတာပါ၊ ဒါပေမယ့် ဒီမိုကရေစီရရှိရေး လုပ်ဆောင် နေကြတဲ့ နိုင်ငံရေးသမား တွေ သည် ဥပဒေဘောင်အတွင်းမှ တိုက်ပွဲဝင်နေကြပါသည်ဆိုတဲ့အချက်ကို ကြွေးကြော်သံအဖြစ်ထက် ပိုပြီး သက်ဝင် ယုံကြည် နေကြပြီ ဆိုရင်တော့ မြန်မာပြည်မှ ကမ္ဘာ့အံဘွယ်နိုင်ငံရေးသမားများဟု တင်စားကြရမှာပါပဲ။မတူညီတဲ့ဘက် နှစ်ခုမှာ မတူညီခြင်း ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါမှာ နှစ်ဘက်စလုံးကျေနပ်အောင် ဆောင်ရွက်မှု့ သည် အဓိ ကဖြစ် တယ်၊ ဥပဒေဆိုတာ လိုအပ်ပါမှ အသုံးချရသော သာမညနေရာမှာရှိတဲ့ သတ်မှတ်ချက်တခုဆိုတာ နိုင်ငံ ရေး သမားတိုင်း သဘောပေါက်ကြပါတယ်။

မြန်မာပြည်မှာ ဥပဒေမရှိလို့ တိုက်ပွဲဝင်နေကြသူများသည် ဥပဒေတွင်းမှ တိုက်ပွဲဝင်နေကြ ပါသည်ဟု ဆိုကြပါတယ်။
ဘယ်ဥပဒေအတွင်းမှနေပြီး တိုက်ပွဲဝင်နေကြတာလည်း လို့ မေးရင် ဘယ်လိုဖြေကြမလဲ။ ကမ္ဘာကြီးကိုလည်းကြည့်ပါအုံး၊ အာဖ ဂန်၊ အီရတ်၊ ပါလက် စတိုင်း၊ အစ္စရေး အစရှိသဖြင့် တိုက်ခိုက်နေကြတာသည် ဥပဒေအတွင်းကတိုက်ပွဲတွေလား။ ကုလသမဂ္ဂမှာ ဗီတို ပိုင်ဆိုင်မှု့ ကိစ္စတွေကရော justice တရားမျှတမှု့ ဥပဒေအမြင်နဲ့ ကြည့်လို့ ရပါ့မလား၊ ဥပဒေဆိုတာ ကို လိုတာထက် ပိုပြီး သက်ဝင် ယုံကြည်ပြောဆိုနေသံတွေသည် မြန်မာ့နိုင်ငံ ရေးလော ကမှာ ကျယ် လောင်နေပါတယ်။
ဒါသည် ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး၊ ဥပဒေသည် နိုင်ငံရေး၏ အောက် မှာ သာ အစဉ်အမြဲရှိနေသည်ဆိုသည့်အချက်ကို မမေ့လျှော့သင့်ကြပါ ဘူး။ ဒီအချက်ကို ကောင်း ကောင်း နားလည်အသုံးချနေတာကတော့ မြန်မာစစ်အစိုးရပါ၊ ဒါကြောင့်လည်း သက်ဆိုးရှည်နေ တာပါ။

စစ်အစိုးရသည် ဒေါ်စုနဲ့ ယက်တောကိုဖမ်းတယ်၊ ထောင်ချတယ်၊ အမိန့် ချပြီး လေးရက် အကြာမှာ အမေရိကန်အမတ်ကြီး ဂျင် ဝက်ရောက်လာတယ်၊ လာတာမှ သူ့ လေယာဉ်(စစ်သုံး)နဲ့  သူလာတယ်၊ ဘန်ကီမွန်းကိုတောင် ထိုက်ထိုက်တန်တန် မဆက်ဆံ တဲ့ ဗိုလ်သန်းရွှေဟာ မစ္စတာ ဂျင်ဝက်ကို လေး လေးစားစား ဧည့်ခံဆက်ဆံတာကို တွေ့ ရပါတယ်၊
ဒေါ်စုနဲ့ လည်း ပေးတွေ့  လိုက်သေးတယ်၊ အင်အယ်ဒီကလူကြီးအချို့ နဲ့ အခြားလူကြီးအချို့ လည်း တွေ့ ပြီး စကား ပြောသွားပါသေးတယ်၊ မစ္စတာ ဂျင်ဝက် အပြန်မှာလည်း ထောင်ချပြီးဖြစ်တဲ့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကိုလည်း လုံးဝလွှတ်ပြီး ပြန်ထည့်လိုက်တယ်၊ အမတ်ကြီး ဂျင်ဝက် က လည်းသူ့ ရဲ့  ခရီးစဉ်သည် အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရတို့ ရဲ့ ကောင်းမွန်မည့် ဆက်ဆံ ရေးလမ်းကြောင်းရဲ့  အစဖြစ်နိုင်ပါတယ်လို့ ဆိုတယ်၊ မြန်မာစစ်အစိုးရကလည်း ဂျင်ဝက်၏ခရီးစဉ် သည် အမေရိကန် မြန်မာအကျိုးရှိမည့် ခရီးစဉ်ဖြစ်တယ်လို့ သတင်းစာတွေမှာ ပဏာယူရေးသား နေကြ ပါတယ်။
ဒီအခြေအနေတွေကို ဥပဒေ ပေတံကြီးနဲ့ လိုက်တိုင်းပြီးဥပဒေနဲ့ ညီညွတ်တယ် မညီ ညွတ်ဘူးလို့  ပြောနေကြတဲ့ နိုင်ငံရေး သမား ဆိုသူတွေ ရှိနေတာ ကိုလည်း အံသြစွာတွေ့ နေရပါ သေးတယ်။ ထိုသူတို့ သည် မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဥပဒေအတိုင်း လုပ်တယ် မလုပ်ဖူးလို့  ပြော နေခြင်းဖြင့်သာ လမ်းဆုံးနေကြသည်ကိုလည်း ဝမ်းနည်းဘွယ်တွေ့  နေကြရပါ တယ်။ တကယ်တော့နိုင်ငံရေးလုပ်ကြရာမှာဥပဒေမပါရင်မပြီးဘူးဆိုတာ သိကြပါတယ်၊ ဥပဒေအတိုင်း နိုင်ငံရေး လုပ်နေကြမယ် ဆိုရင်တော့ နိုင်ငံရေးကို သဘောမပေါက်သေးလို့  ဟုဆိုရ ပါလိမ့်မယ်။

မစ္စတာဂျင်ဝက်သည် စစ်အုပ်စုထိပ်သီးကြီးနဲ့ လည်း တွေ့ ဆုံစကားပြောခဲ့တယ်၊ အကြီးဆုံး အတိုက်အခံပါတီခေါင်းဆောင် ဒေါ်စု နဲ့ လည်း စကားပြော ခဲ့တယ်၊ သတင်းထုတ်ပြန် သလောက် တော့ကြားသိ ကြရပါတယ်၊ဒီထက် နက်ရှိုင်းတဲ့ စကားတွေ၊ ဘာတွေ ပြောကြသလဲဆိုတာတော့ မကြား မသိကြ ဘူးပေါ့၊ ကြားရသိရသလောက်ကို အနှစ်ချုပ်လိုက်ရင် နိုင်ငံရေးအရ အမေရိကန်ရဲ့  စီးပွါးရေး ဒဏ်ခတ်ပိတ်ဆို့ မှု့ ကို ရုပ်သိမ်းပေးမယ်ဆိုရင် စစ် အစိုး ရက ကြိုဆိုလက္ခံပြီး နှစ်နိုင်ငံ စီးပွါးရေး ဆက်ဆံမှု့ ကောင်း မွန်တိုးတက်လာနိုင်တယ်ပေါ့၊ ဒေါ်စုအနေနဲ့ လည်း ဒီကိစ္စကို ကန့်  ကွက်မှာ မဟုတ်ဘူးလို့ ဂျင်ဝက်က ယူဆပါတယ်လို့  ထိမ်း ထိမ်းသိမ်းသိမ်းပြောတာ လည်း ကြားရ ပါတယ်၊ အဓိကတရားခံ ယက်တောကိုလွှတ်ပေးလိုက်ပြီး အပြစ်မရှိတဲ့ ဒေါ်စုကို အိမ်ချုပ် တနှစ်ခွဲ ထပ်ချလိုက် တာကိုလည်း ပြည်သူနဲ့ ကမ္ဘာကပါ မကျေနပ်ကြပါဘူး။
ဂျင်ဝက်ရဲ့ ခရီးစဉ်သည် မြန်မာ့အရေးအတွက် ဘယ်လို အပြောင်းအလဲဖြစ်လာနိုင်သလဲ၊ဒီအတိုင်းပဲလား၊ကောင်းလာနိုင် သလား ဆိုးလာနိုင်သလား၊ ဘယ်လိုလုပ်သင့်ကြသလဲဆိုတာ ဆွေးနွေးကြဖို့ တော့ ဖြစ်လာပါပြီ။ ဒီနေရာမှာ ယ္ခင် ဂျော့ဘုရှ်အစိုးရက မြန် မာပြည်မှာဒီမိုကရေစီ ရရှိရေးအတွက် ဆိုပြီး စီးပွါးရေးပိတ်ဆို့ အရေးယူမှု့ လုပ်ခဲ့တယ်၊ ယနေ့ အထိပဲဆိုပါတော့ ပြည်တွင်း ပြည်ပ မှာ ရှိတဲ့ အတိုက်အခံအဖွဲ့ တွေကလည်း ပိတ်ဆို့ မှု့ ကို ထောက်ခံခဲ့ကြပါတယ်၊ သို့ သော် အနှစ် နှစ်ဆယ်နီးပါးစီးပွါးရေးပိတ်ဆို့ ခဲ့ပေမယ့်၊ ဒီမိုကရေစီနဲ့ မနီးစပ်တဲ့အပြင် စစ်အာဏာရှင် စံနစ်အခြေခိုင်ဖို့ အ တွက်ဖွဲ့ စည်းပုံလည်းရေးဆွဲပြီးပြီ၊ ရွေးကောက်ပွဲပဲ ကျန်ပါတော့တယ်။ ဒါက တကယ့် အရှိတရားပါပဲ။ ဂျင်ဝက်ရဲ့  စန်ရှင် -ရုပ်သိမ်းရေးကို စစ်အစိုးရ ကတော့ သဘောကျမှာ အမှန်ပါ ပဲ၊ သူတို့ ကိုတော့ ထည့်ပြီးမဆွေးနွေးတော့ပါဘူး၊ စန်ရှင် ရုပ်သိမ်းမှာကို သဘောမတူသူ တွေရဲ့ ဘက်ကိုကြည့်ကြ ရအောင်၊ စန်ရှင် လုပ်နေသ၍ အမေရိကန်အစိုးရနဲ့  မြန်မာအစိုးရတို့ ဟာ အစည်းမကပ်ဖြစ်နေမှာပါ၊ ဒီလိုအစည်းမကပ်ဖြစ်နေမှု့ ကို အခွင့် အရေး တရပ် အဖြစ်အသုံးချပြီး ဒီမို ကရေစီ ဖြစ်ပေါ်တိုးတက်မှု့ အတွက် အတိုက်အခံတွေဘက်က ဘာတွေလုပ်ခဲ့ ကြလို့ ဘယ် လောက် အောင်မြင်နေပြီလို့ ပြောနိုင်ကြပါသလဲ။
အမေရိကန်ရဲ့ စိုင်ရှင်၊ ကုလသမဂ္ဂရဲ့  ကြားဝင်မှု့ ၊ အိုင်အယ်အိုရဲ့ ဝင်ရောက်လှုပ် ရှားမှု့ တွေကြောင့် စစ်အစိုးရရဲ့ စီမံချက်ဖြစ်တဲ့  Road Map (၇) ချက် ကို ဘယ်လောက် ထိခိုက်ပြီး ဘယ်လောက်အနှောင့်အယှက်တွေဖြစ်ပြီး ဘယ်လောက်နောက် ဆုတ် သွားပြီလဲ။
အနှစ်နှစ်ဆယ်ဆိုတဲ့ အချိန်ကာလနဲ့ ကိုက်ညီတဲ့ ရလဒ်ကောင်းတွေ ပေါ်ပေါက် ခဲ့ပါသလား။ စိုင်ရှင်ကိုကြိုက်သူတွေက မည်သို့  ပင်ဆိုစေ အိုဘားမား ကတော မြန်မာပြည် အပေါ်ထားခဲ့တဲ့ အမေရိကန်အစိုးရရဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်ပြီးနေပါပြီ၊ ဒါကြောင့်လည်း စန်ရှင်ရုပ်ဖို့  အသံတွေ ကျယ် ကျယ် လောင်လောင်ထွက်လာတာပါ။ စန်ရှင်ကြိုက်တဲ့ သူတွေအနေနဲ့  စန်ရှင်-ကို မရုပ်ဘဲတိုးလုပ်ခြင်းဖြင့် မြန်မာ့ဒီမိုကရေစီရေးမှာ ဘယ်လိုတိုးတက် ဖြစ်ထွန်းမှု့ ရှိလာမယ် ဆိုတာကို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေ အနေအပေါ်မှာ အခြေခံပြီး တင်ပြ ဆွေးနွေးသင့်ပါတယ်၊ တကယ်တော့ စန်ရှင်လုပ်ရေး မလုပ်ရေးသည် တခုခုကို တရားသေ ဆုတ်ကိုင်ထားရမည့် အရာမဟုတ်ပါ၊ ပြည်သူလူထု၏ အကျိုးစီးပွါးနဲ့ ကိုက်ညီမယ်ဆိုရင် ပြုလွယ် ပြင်လွယ်ကိစ္စ မျိုးဖြစ် ရပါမယ်။

စန်ရှင်ကိုမကြိုက်တဲ့ သူတွေလည်း ရှိကြပါတယ်၊ စန်ရှင်ဆိုတဲ့ ပိတ်ဆို့ အရေးယူမှု့ တွေမရှိ ရင် အမေရိကန်နဲ့ မြန်မာအစိုးရတို့ ရဲ့  စီးပွါးရေးဆက်ဆံမှု့ တွေရှိနေမယ်၊ အဲ့ဒီ အဝန်းအဝိုင်း အတွင်းမှာ အနိမ့်ဆုံးအားဖြင့် မြန်မာပြည်မှာ ကုမ္ပဏီတွေ စက်ရုံတွေရှိ လာမယ်၊ မြန်မာ အလုပ်သမားတွေ အလုပ်အကိုင်တွေ ရလာမယ်၊ တရုတ်က တဖက်သတ်ဝင်လာမယ့် ကုမ္ပဏီတွေ စက်ရုံတွေ ပစ္စည်းတွေ လူတွေအတွက်လည်း ထိမ်းညှိသလို ဖြစ်လာမယ်၊ မြန်မာအစိုးရရဲ့ တရုတ် အပေါ် စီးပွါးရေးအားဖြင့် တဘက်သတ် မှီခိုနေရတဲ့ ကဏ္ဍလည်း လျှော့ကျလာနိုင်တယ် ငွေကြေး အချေး အငှားတွေရှိတာမို့  အမေရိကန်ရဲ့ ဖြောင်းဖြပြောဆိုမှု့ တွေကို လည်း အမေရိကန် ဘက်က လုပ်ကိုင်နိုင်တဲ့ အခွင့်အရေးတွေရှိလာမယ်၊ နောက်ဆုံးအနေနဲ့ အနောက်နိုင်ငံက ခရီးသွားတွေ အဝင်အထွက်များလာမယ်၊ ဒီအခြေခံတွေပေါ်မှာ အခွင့်ကောင်းယူပြီး ဒီမိုကရေစီ လှုပ်ရှားသူတွေ အနေနဲ့  အနောက်နဲ့ နိုင်ငံ တကာကို ပိုမိုပြီး ထိုးဖေါက်နိုင်ဖို့ အခွင့်အလမ်းတွေရှိလာမယ်၊ ဒီလို ဆိုရင်ကော မြန်မာ့ဒီမိုကရေစီရေးဖြစ်ထွန်းမှု့ တိုးတက်မှု့ တွေ ပေါ်ပေါက်လာနိုင်ပါမည်လား။
န.အ.ဖ ကလည်း ဝါရင့် စစ်အာဏာရှင်ကြီးပဲ၊ အမေရိကန်နဲ့ စီးပွါးရေးအရ ဆက်ဆံပေမယ့် သတိ ရှိရှိ ဆက်ဆံမှာပေါ့၊ သူ့ အ တွက်အကျိုးအမြတ် ရ အောင်လုပ်တဲ့နေရာမှာ သူ့ အာဏာနဲ့ အကျိုး စီးပွါးကို ထိခိုက်မယ့် ကိစ္စ ကိုတော့ သူ ရှောင်မှာပဲဖြစ် တယ်။ ဒီတော့စစ်အစိုးရက အမေရိကန်နဲ့ စီး ပွါးရေး ဆက်ဆံလို့  အကျိုး အမြတ်တွေ ဖြစ်ထွန်းလာရင် စစ်အာဏာရှင်အစိုးရ သည် အင်အားတွေ ပိုမိုတောင့်တင်းလာမယ်၊ ပြည်သူကို ပိုမိုဖိုနှိပ်ဖို့ အားတွေရှိလာမယ်ဆိုရင် ဒီမိုကရေစီရေးဟာ ဝေး သထက်ဝေး ဖြစ်မသွား နိုင်ဘူးလား၊ မေးစရာ တွေးစရာတွေကတော့ တပုံတပင်ပါပဲ။ စီးပွါးရေး ပိတ်တဲ့ဘက်မှာရော မပိတ်တဲ့ဘက်မှာပါ အကောင်းရောအဆိုးပါ နှစ်ခုစလုံးရှိနေပါတယ်၊ ဂျော့ဘုရှ် က စီးပွါးရေးပိတ်ဆို့ တာကို အားသန်ပေမယ့် အိုဘားမားကတော့ စီးပွါးရေးဖွင့်တာကို ပိုပြီး အားသန်နေပါတယ်။ သည်တော့ ကာယကံရှင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ ဘယ်လိုစဉ်းစား ကြမ လဲ၊ စီးပွါးရေးပိတ်ခဲ့တာ အနှစ်နှစ်ဆယ်လောက်ရှိပြီ၊ မထိရောက်ဘူးလို့ ဆိုရင်လည်း ဆိုနိုင် ပါတယ်၊ ဟော အခု စီးပွါးရေး ဖွင့်ပြီး လုပ်ကြည့်အုံးမယ် ဒီမိုကရေစီရေးအောင်မြင်မှု့ အတွက် ထိရောက်ပါ့မလား၊ နောက်အနှစ် နှစ်ဆယ်လောက်ကြာရင်ကော ထိုက်ထိုက်တန်တန်ဖြစ့်ပါ့မလား၊ ဖွင့်ရေးကော ပိတ်ရေးဘက်မှာပါ မေးစရာတွေက အများကြီးရယ်ပါ။


ဒေါ်စုပြောသလို စီးပွါးရေး ပိတ်မှုရော ဖွင့်မှု့ ပါ ဘယ်သူပြောလို့ မှ လုပ်တာမဟုတ်ပါဘူး၊ အမေရိကန်အစိုးရနဲ့ လွှတ်တော်တို့ ရဲ့  သဘောဆန္ဒပဲဖြစ်ပါ တယ်။ အမေရိကန်သည် မြန်မာနိုင်ငံ အပေါ်မှာ ဘာဘဲလုပ်လုပ် သူ့ အကျိုးစီးပွါးကို ပထမနေရာမှာထားပြီး ဆောင်ရွက်မယ်ဆိုတာ ငြင်းစရာမလိုတဲ့ အချက်ပါ။ နောက်တချက်က မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ စဉ်းစားရမှာက ယနေ့  မြန်မာ့နိုင်ငံရေးသည် အမေရိကန်နဲ့ ကင်းလွတ်ပြီး စဉ်းစားလို့ ရမလား၊ ဒါပထမအချက်။
ဒုတိယအချက်က အမေရိကန်နဲ့ မလွတ်ကင်းနိုင်ဘူးဆိုရင် သူ့ ကို ဘယ်နေရာကထားပြီး စဉ်းစားကြမလဲ။
မြန်မာ့နိုင်ငံရေးမှာ အရေးကြီးလှပါတယ်။

မြန်မာနိုင်ငံသည် အင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေး ရပြီးနောက် ဦးနုခေါင်းဆောင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ဘူးပါတယ်၊ကွန်မြူ နစ် နဲ့ ရောင်စုံသူပုန်တွေ ကို ဦးနုက မနှိမ်နင်းနိုင်ခဲ့ဘူး၊သူ့  အားနည်းချက်က မြန်မာ့နိုင်ငံရေးအဝန်းအဝိုင်းထဲမှာ အားကောင်းလှ တဲ့ ကွန်မြူနစ်နဲ့ ကွန်မြူနစ် သူပုန်ကို မနှိမ် နင်း နိုင်ခဲ့ဘူး၊ သူကိုယ်တိုင်လည်း သဘောထားရေးရာအရ မပြတ်သားခဲ့ဘူး၊ဒါကြောင့် လီကွမ်ယူ လို လင်္ကျာအဏာရှင်မဖြစ်ခဲ့ဘူး၊ စစ်အေးတိုက်ပွဲကာလမှာ ဦးနုရဲ့ အားနည်း ချက်ကြောင့် ကွန်မြူနစ်ကို အပြတ်ရှင်း မယ့် ဗိုလ်နေဝင်း ပေါ်လာခဲ့တယ်၊ အမေရိကန်နဲ့ အင်္ဂလိပ် ဟာ သူမွေးလို့ ရမယ့် သူကို မွေးမှာပဲ၊ ရန်/ငါ စည်းခြားပြီး ဝါဒရေးရာ အပြတ်တိုက်နေကြတဲ့ ကာလမှာ တပည့်မွေးချင်တဲ့ အမေရိကန်နဲ့  ဆရာမွေးချင်တဲ့ ဦးနေဝင်းတို့ ဆုံချက်တခုမှာ အတူရပ်မိကြ တယ်၊ ၁၉၆၇ ခုနှစ် တရုတ် မြန်မာရိုက်ပွဲကို မိုက်မိုက်ကန်းကန်း လုပ်ပြပြီး ဖြတ်လေးဖြတ်နဲ့ ဗ.က.ပ ကို အပြုတ်တိုက်တယ်။ နိုင်ငံတကာကွန်မြူနစ်တွေ မျက်စိလည်အောင် ဆိုရှယ်လစ်ဆိုင်းပုဒ်ကို တင်ပြီး စစ်အာဏာရှင်စံနစ်ကို ထူထောင်တယ်၊ သူဆရာ တင်ထားတဲ့ အနောက်အုပ်စုကနေပြီး ချေးငွေတွေ ကူညီငွေတွေ ရခဲ့တယ်၊ နိုင်ငံရေးကိုနားလည်တဲ့ ဗိုလ်နေဝင်းဟာ အမေရိကန် ကို အဓိက၊ တရုတ် ကို သာမညနေရာမှာထားပြီး နိုင်ငံရေးကစားနိုင်ခဲ့လို့ ၂၆ နှစ်အုပ်ချုပ်နိုင်ခဲ့တယ်၊ စစ်အာဏာရှင်အမွေဆိုးကို ယနေ့ တိုင် ထားရစ်နိုင်ခဲ့တယ်။ ဆူဟာတို၊ လီကွမ်ယူ၊ မားကို့ စ်၊ ဗိုလ်နေဝင်းတို့ သည် အရှေ့ တောင်အာရှမှာ ထင်ရှားတဲ့ အာဏာရှင်တွေပါပဲ။

ဆိုဗီယက်အင်ပါယာပြိုကွဲခြင်းနဲ့ အတူ ဝါဒရေးရာစစ်အေးတိုက်ပွဲလည်း အဆုံးသတ်ခဲ့ပါပြီ။ ဒီအချိန်မှာ အမေရိကန်သည် သူနဲ့ အခြေခံခြင်းတူတဲ့ ဒီမို ကရေစီကို ကျင့်သုံးမယ့်နိုင်ငံတွေ ဖြစ်လာ စေချင်နေပါပြီ၊ သို့ သော် ဗိုလ်နေဝင်း မ.ဆ.လ အစိုးရကတော့ ဒီမိုကရေစီမဲ့ စစ်အာဏာရှင်စံနစ် ကနေ တပြားမှ အလျှော့မခံနိုင်တော့ပါ၊ ဒီမိုကရေစီလိုချင်တဲ့ မြန်မာလူထုကြီးရဲ့ အုံကြွမှု့ ကြီး လည်းဖြစ်ပေါ်ခဲ့ပါတယ်၊ ဆရာလက်လွတ်သွားတဲ့ ဗိုလ်နေဝင်း လည်း တပါတီကိုပဲကြိုက်သလား ပါတီစုံကိုပဲကြိုက်သလားဆိုပြီး ဂရောင်ဂတမ်းတွေပြောတဲ့အခြေကို ဆိုက်ခဲ့ပါပြီ၊ ဒါကြောင့် သူ့  တပည့်တွေဖြစ်ကြ တဲ့ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွှန့် ၊ ဗိုလ်သန်း ရွှေ တို့ နဲ့ အတူ တရုတ်ကို ဆရာ မွေးပြီး တရုတ်၊ ရုရှား အဓိက အမေရိကန်သာမညဆိုတဲ့  ကစားကွက်ကို ကစားရင်း အနှစ်နှစ် ဆယ် လောက် သူတို့ ရဲ့ စစ်အာဏာ သက်တမ်းကို ဆန့် ထုတ်နိုင်ခဲ့တာ ယနေ့ အထိပါပဲ၊ အပေးအယူ နိုင်ငံရေးကို သဘော ပေါက် နားလည်တဲ့ မြန်မာစစ်အာဏာရှင်တွေသည် ယနေ့ အထိ စင်ပေါ်မှာ ရှိမြဲရှိနေပါတယ်၊ ဆရာပဲတင်တင်၊ မဟာမိတ်ပဲဖွဲ့ ဖွဲ့  အပေးအယူပဲလုပ်လုပ် လိုအပ်ရင်လုပ်ရမယ် ဆိုတာ စစ်အာဏာရှင်တွေရဲ့ သဘောပေါက်မှု့ အရည်အချင်းပါ။


တရုတ်နဲ့ ကုလားကြားမှာရှိတဲ့ မြန်မာပြည်ကို အမေရိကန်က စိတ်ဝင်စားတာမဆန်းပါဘူး၊ ဒီမိုကရေစီ၊ ဇာတ်စံနစ်နဲ့ ဆိုရှယ်လစ် တို့ ကို ရောသမမွှေ ထားတဲ့ အိန္ဒိယနဲ့  ကွန်မြူနစ်တရုတ်တို့ ရဲ့  အကြားမှာရှိနေလို့ ပါ၊ ဒါကြောင့် ရှစ်ဆယ့်ရှစ်အရေးတော်ပုံမှ ယနေ့ အထိဒီမိုကရေစီ အင်အားစု တွေ ဘက်က အမြဲရပ်ပေးနေတာပါ၊ အမေရိကန်အဖို့ သူနဲ့ အကျိုးစီးပွါးတူနိုင်ငံဖြစ်ဖို့ ကို အဓိ က ထားပြီး လုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်၊ အတိုက်အခံ ခေါင်းဆောင်တွေသည် အမေရိကန်နဲ့  ပူးပေါင်း ခဲ့သလား၊ ဆရာ တင်ခဲ့သလား၊ အပေးအယူလုပ်ခဲ့ဘူးကြသလား ဆိုတာတော့ မပြောနိုင် ပါဘူး၊ ကိုယ့် အားကိုယ်ကိုးရေး၊ ကိုယ့်ပြည်တွင်းရေး ကိုယ့်ဖါသာရှင်းမယ်၊ ဘယ်သူမှဝင်မစွက်နဲ့ ၊ အိမ်နီး ချင်း တရုတ်၊ ကုလား အာဆီယံတွေနဲ့  သင့်မြတ်ရေးသည် ပဓါနကျတယ် ဆိုတာတွေက တော့ တောက်လျှောက်ကြားသိနေရပါတယ်။
ပြည်တွင်းပြည်ပ အတိုက်အခံတွေရဲ့ နိုင်ငံရေးလုပ်ရပ်ကို ချုပ်ကြည့်လိုက်ရင် ပြည်တွင်းမှာ လူထုအုံကြွမှု့ ဖြစ်ရေး၊ ပြည်ပမှာ ကုလ သမဂ္ဂမှာ မြန်မာ အစ်ရှုး လုံခြုံရေးကောင်စီမှာရောက်ရေးနဲ့  အဆုံးသတ်နေတာပဲ တွေ့ ရပါတယ်၊ ပြည်တွင်းမှာလည်း ထောင်ထဲ ကို ရောက်ကုန်ကြပြီး ပြည်ပ မှာလည်း ဗီတိုနဲ့ နှာခေါင်းကျည်ပွေ့ တွေ့ ကုန်ကြတာပါပဲ၊ ပြည်ပက အတိုက်အခံ ခေါင်းဆောင်ကြီးများ စီစဉ်ကြံစည်ထားတဲ့ စစ်ခုံရုံး အတင်ခံရမယ့် ဗိုလ်သန်းရွှေ လည်း အခုတော့ အမေရိကန်နဲ့  စီးပွါးရေးပူးပေါင်းဆောင်ရွက်ကြ မယ့် အနေအထားတောင် ရောက်နေပြန်ပြီကော၊ ရှက်စရာကောင်း လှပါတော့တယ်၊ မစ္စတာ ဝက် ပြောသလို အမေရိကန်နဲ့  မြန် မာအစိုးရတို့  စီးပွါးရေးလမ်းဖွင့် ဆက်ဆံကြပြီဆိုရင်တော့ ကိုယ့်အားကိုယ်ကိုးနဲ့ စီးပွါးပိတ်အဖွဲ့ တွေ ဘယ် လို ဆက်ပြီး စခန်းသွား လှုပ်ရှားကြမယ်ဆိုတာ စောင့်ကြည့်ကြရမှာပါ။
ထို့ ကြောင့် မြန်မာ့ဒီမိုကရေစီရေး ဤသို့ မျက်ဖြူဆိုက်နေရခြင်းကို သုံးသပ်ချက် ထုတ်ရ သော် စစ်အာဏာရှင်တစုသည် သူတို့ အကျိုးစီးပွါးအတွက် မြွေနှင့်ငှက်ကို ပူးချည်တခါ ခွါချည် တလှည့်ဖြင့် လှလှပပကစားတတ်ခြင်းဟူသော ပညာရှိကြပြီး၊ ဒီမိုကရေ စီလိုချင်သော အတိုက်အခံ ခေါင်းဆောင် တို့ သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မြွေနှင့်ငှက်ကို မပူးပေါင်း မကစားတတ် ကြဘဲ ပညာရှိယောင်ဆောင်နေကြခြင်းကို တွေ့ ရပါတော့သတည်း။

ဦးဖိုးသာအောင်- ၄။၉။၀၉ မူရင်းသို့

No comments:

Post a Comment