Tuesday, July 6, 2010

“ ကြားနေတို့ ရဲ့ သွားရာလမ်း ”

မြန်မာ့အရေး နှောင့်နှေးကြန့် ကြာနေတယ်ဆိုတာကိုတော့ အများက လက္ခံကြမှာပါ၊ ထာဝရ

သမိုင်းကို ဘယ်သူတွေဖြတ်တောက် နိုင်သနည်း

သမိုင်းကို ဘယ်သူတွေဖြတ်တောက် နိုင်သနည်း

ဦးဖိုးသာအောင်

၂၀၀၉ ခုနှစ် သြဂုတ်လသည် မျက်မှောက်မြန်မာ့သမိုင်းဖြစ်စဉ်အတွက် ထူးခြားနေတာကတော့အမှန်။

“ မှန်ကန်တဲ့ ဘုံရည်မှန်းချက်အပေါ်အတူရပ်တည်နှိုင်ပါစေ ”

နှစ်ပေါင်းနှစ်ဆယ်ကျော်လွန်လာပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ်

”စုန်လိုက်ဒဿန၏ အန္တရယ်”

The voice 6-2, November 16.22, 2009 မှာပါတဲ့ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတို လေးကိုဖတ်ရပါတယ်၊ ဆရာ့ကို စိတ်ဝင် စားသူတယောက်လည်း ဖြစ်နေလို့ပါ၊ မ.ဆ.လ ခေတ်မှာ ဘောဂဗေဒ ဘာသာရပ်ကို

နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်

နိဒါန်း

ယခုစာစုကို ရေးသားခဲ့သူ ရစ်ချတ်စတင်းဂဲလ် (Richard Stengel)သည် တောင်အာဖရိက လူမည်းခေါင်းဆောင်

၁၈ရာစုပုံစံအုပ်ချုပ်သူု ၁၉ရာစုခံယူချက်နှင့် အတိုက်အခံ ၂၁ ရာစုတွင်နေထိုင်ရှင်သန်နေကြသော ပြည်သူများ နှင့် ဗမာပြည်

17.January.2009

၁။ အုပ်ချုပ်သူဘက်ကပြတ်သည်၊ အတွင်းအကြည့် အပြင်မကြည့် ဘာမျှအကြည့် လုပ်ချင်သလိုလုပ်သည်။

Monday, July 5, 2010

ရန်ကျန်တ္ကသိုလ် (သို့) ၇ ဂျူလိုင် (၄၇) နှစ်မြောက် 07/07/2009

ကျောင်းသားဆိုတာဟာ ပွင့်လင်း ရိုးသားပြီး ဖိနှိပ်မှု၊ မတရားမှုကို မကြိုက်တဲ့ သဘာဝ ရှိပါတယ်။ ခေတ်ပညာ တတ်ဖြစ်ပြီး နိုင်ငံတကာ နဲ့  ယှဉ်ကာ အမြင်ကျယ် အသိဥာဏ် ကြွယ်ဝသူတွေလည်း ဖြစ်ကြပါတယ်။

၇ ဂျူလိုင်

သူငယ်ချင်း တစ်ယောက် ရေးထားတဲ့ ၇ ဂျူလိုင် ကဗျာလေးတစ်ပုဒ်ကို အားလုံးနဲ့ အတူ မျှဝေ ခံစားနိုင်ဖို့နဲ့ ဒီနေ့ ၇ ဂျူလိုင်မှာ ကျဆုံးသွားခဲ့တဲ့ ရဲစွမ်းသတ္တိ အပြည့်နဲ့ ကျောင်းသားရဲဘော် အားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။

၇ ဂျူလိုင်၊ ၁၉၆၂။

(၄၈) နှစ်မြောက်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ဂျူလိုင် ၇ရက်၊ အမှတ်တရ အဖြစ် 'အောင်ပြည့်' ရဲ့ 'ပြိုမှာလေလားမိုးရဲ့' ၀တ္ထုမှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။]

ဂွက်လတ်ကြီး ဘီယာဆိုင်ကြောင့် ရန်ကုန် လူထု အခက်ကြုံ

ထွန်းထွန်း
-------------
ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဘီယာဆိုင် တခုမှ ညလုံးပေါက်

ဓားပြများကို နှိမ်နှင်းရန် အထူး ရဲတပ်ဖွဲ့များကို နယ်စပ်သို့ စေလွှတ်ပြီ

တာကလူး
-------------
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် အထူး သောင်းကျန်းနေသော ဓားပြများကို နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ မနှိမ်နှင်း သဖြင့် ယခုအခါ

Saturday, July 3, 2010

ရွေးကောက်ပွဲ ကာလနိုင်ငံရေး အခြေအနေ CRPP ခေါင်းဆောင်များဆွေးနွေး

သို့

ကမ္ဘာဒီမိုကရေစီညီလာခံတက်သူကို ပြည်တွင်း NLD ကန့်ကွက်

ဒီမှာကြည့်နိုင်ပါတယ်။

သေမင်းကို စိန်ခေါ်သူများ

(၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆုရရှိခဲ့တဲ့ The Hurt Locker အား ပြန်လည်ခံစားတင်ပြပါတယ်။)

မဲရဖို့ မကြံအပ်တာ လုပ်နေကြ

(ခွပ်ဒေါင်းအလံ အသုံးပြုမှုနှင့် ပတ်သက်၍ ကန့်ကွက်သူများနှင့် အင်တာဗျူး)

မဲရဖို့ မကြံအပ်တာ လုပ်နေကြ

(ခွပ်ဒေါင်းအလံ အသုံးပြုမှုနှင့် ပတ်သက်၍ ကန့်ကွက်သူများနှင့် အင်တာဗျူး)

ရွေးကောက်ပွဲအပြီး ပြည်တွင်းစစ် တကျော့ပြန်ဖြစ်မည်လော

စစ်အစိုးရက လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို သူတို့၏ အငြင်းပွားဖွယ် နယ်ခြားစောင့်တပ်

ချေးငွေကို အမြီးဖြတ် ခေါင်းဖြတ် လုပ်နေကြ

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ကိုင်းကျေးရွာမှ လယ်သမားတွေကို အစိုးရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က

Friday, July 2, 2010

အောင်ဆန်း ၏ အတ္ထုပ္ပတ္တိ ( ဗိုလ်ချုပ်အောင်းဆန်း) -၁

ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။

အထက်တန်းကျောင်းသားများ ကျောင်းဆင်းကျောင်းတက်ချိန်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံနေရ

လွန်းဒင်။ ဇူလိုင် ၂၊ ၂၀၁၀
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အ.ထ.က (၂) ကျောင်းရှိ

နိုင်ငံရေးလှုပ်ရှားသူ ၈ ဦးထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်ခံရ

ဒီမှာကြည့်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုပြဇာတ် ဥရောပပါလီမန်မှာကပြ

ကြည့်နိုင်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်သမီး သြစတြေးလျ ပြည်နှင်ခံရ

မြန်မာစစ်တပ်က စစ်အရာရှိကြီးတဦးရဲ့ သမီးဖြစ်သူကို သြစတြေးလျ အစိုးရက မြန်မာနိုင်ငံ ပြန်ပို့ဖို့

ဝန်ကြီး ကလင်တန် အရှေ့ဥရောပနဲ့ ကော့ကေးရှပ်စ်ဒေသ ခရီးနှင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ အရှေ့ဥရောပနဲ့ ကော့ကေးရှပ်စ်ဒေသ ၅ နိုင်ငံခရီး စတင်လိုက်ပါပြီ။

ခမောက်ကိစ္စ NLD ကန့်ကွက်မည်

အငြင်းပွားစရာ ဖြစ်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့

အာဏာရှင်၏ ရုပ်ပုံလွှာ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်း

Tuesday, June 29, 2010

ရွေးကောက်ပွဲနီးချိန် မြန်မာပြည်တွင်း သတင်းလွတ်လပ်ခွင့် ပိုတင်းကျပ်

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ မတိုင်ခင် စာပေစိစစ်ရေးက တင်းကျပ်စွာ တားမြစ် ပိတ်ပင်မှုတွေကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်း
သတင်းမီဒီယာတွေဟာ
အရှိကို အရှိအတိုင်း မဖော်ပြနိုင်တဲ့အပြင် အခက်အခဲ အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေကြရပါတယ်။ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂကတော့ ဒီလိုထိန်းချုပ်မှုတွေကြောင့် ရွေးကောက်ပွဲဝင်မယ့် သူတွေရဲ့ သဘောသဘာဝကို လူထုက မသိရှိနိုင်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်နေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လ စာပေစိစစ်ရေး တာဝန်ခံ အပြောင်းအလဲ ရှိခဲ့တဲ့နောက်ပိုင်း ပြည်တွင်း သတင်းဂျာနယ်တွေအတွက် လုပ်ရကိုင်ရ ပိုပြီး ခက်ခဲလာတယ်လို့ ပြည်တွင်း စာပေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတွေကို အစိုးရက တိုက်ရိုက်ကိုင်တွယ် ထိန်းချုပ်ထားသလို မဂ္ဂဇင်း၊ ဂျာနယ်နဲ့ ပုဂ္ဂလိကစာစောင် မှန်သမျှကို ထုတ်ဝေခွင့် ရဖို့အတွက် စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်ကို ယူရပါတယ်။

အခုတပတ် ထုတ်ဝေခွင့်ရခဲ့တဲ့ ဂျာနယ်တွေထဲက တချို့မှာ နိုင်ငံရေးသတင်းနဲ့ နိုင်ငံရေးသမား အကြောင်းတွေကို ဖော်ပြခွင့် မရခဲ့သလို မြန်မာစစ်အစိုးရကို ထောက်ပြ ဝေဖန် ရေးသားခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ စာပေတွေ ဖော်ပြခွင့်ကိုပါ ထပ်မံ ပိတ်ပင်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတမှု ရှိအောင် ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာထားတာမို့ ဒီရွေးကောက်ပွဲ မတိုင်ခင် မီဒီယာတွေအတွက် လွတ်လပ်ခွင့်တွေ ပိုပြီး ရလာတော့မယ်လို့ အများက မျှော်လင့်ထားပေမဲ့ အခုအခါမှာ ပိုပြီး တင်းကျပ်လာတာ တွေ့ရတယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ တာဝန်ခံ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“အရင်က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ နည်းနည်းလေး လျှော့ပေးထားတာတွေ ရှိတယ်။ ပြီးတော့ စာစောင်တချို့ တိုးပြီး ထုတ်ဝေခွင့်တွေ ချပေးတာမျိုးတွေ ရှိတယ်။ အဲဒီအခါ တချို့တွေကတော့ မျှော်လင့်တာပေါ့၊ ရွေးကောက်ပွဲ နီးလာပြီဆိုတော့ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ဆိုတဲ့ သဘောက စာပေလွတ်လပ်ခွင့်၊ သတင်းစာ လွတ်လပ်ခွင့် ရှိမှ ရမှာကိုး။ ဒါကို အစိုးရက မြင်ပြီးတော့ သတင်းစာ လွတ်လပ်ခွင့်များ ပိုပေးလာမလားလို့ မျှော်လင့်ချက်ထားတဲ့ လူတွေ ရှိပါတယ်။

“ဒါပေမဲ့ နောက်ပိုင်းကျတော့ အင်တာနက်နဲ့ ပတ်သက်ရင်လည်း တော်တော်လေး တင်းကျပ်လာတယ်။ ပြည်တွင်း စာစောင်တွေကိုလည်း တော်တော်လေး တင်းကျပ်လာတယ်။ ပြီးတော့ နိုင်ငံခြား သတင်းဌာနတွေနဲ့ အင်တာဗျူးလုပ်ရင် အင်တာဗျူးလုပ်တဲ့ လူတွေကို သတိပေးတာမျိုးတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒါမျိုးတွေလည်း ရှိလာတယ်။

“ဆိုတော့ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ အခြေအနေက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတဲ့ သဘောမှာ ရှိတယ်။ အထူးသဖြင့် ဂျာနယ်တွေအနေနဲ့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဒါက ခြုံပြီး ပြောတာပေါ့၊ နိုင်ငံတကာ အကြောင်းအရာတွေ၊ ဒါတွေကို သူတို့ ခွင့်ပြုတယ်။ ပါတီတွေ ပေါ်လာပြီး နောက်ပိုင်း အင်တာဗျူးတဲ့ ကိစ္စတွေကို သူတို့ ခွင့်ပြုလာတာတွေ ရှိတယ်။ တချို့ဆိုရင် မျက်နှာဖုံးသတင်း အနေနဲ့တောင်မှ ထုတ်ခွင့်ရတဲ့အထိ ဖြစ်လာတာမျိုးတွေ ရှိတယ်။

“ဒါပေမဲ့ စာပေစိစစ်ရေး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်သွားပြီးနောက်ပိုင်း သိသိသာသာ လျော့သွားတယ်။ စောစောက မျက်နှာဖုံးသတင်း အနေနဲ့ ဖော်ပြလို့ရတဲ့ ဟာတွေကို ဖော်ပြလို့ မရတဲ့အပြင် စာပေစိစစ်ရေးက သိသိသာသာ ဖြတ်တောက်တာတွေ များလာတဲ့ အတွက်ကြောင့် တချို့ဂျာနယ်တွေဆိုရင် အစိုးရက ပိတ်ပါလို့ အမိန့်ချတာ မဟုတ်ဘဲနဲ့ ဖြတ်တောက်ခံရတာတွေ များလွန်းအားကြီးလို့ သူတို့ဘာသာ သူတို့ စာစောင်မထွက်နိုင်ဘဲ အဲဒီအပတ်ကို ဆုံးရှုံးခံလိုက်ရတာမျိုးတွေ ရှိလာတယ်။

“ဆိုတော့ ဒါတွေအားလုံးကို ခြုံကြည့်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ နီးလာလေ စာပေစိစစ်ရေးက ပိုပြီး တင်းကျပ်လာလေ၊ သတင်းလွတ်လပ်ခွင့်က ပိုပြီး နည်းလာလေ ဆိုတာမျိုးကို ကျနော်တို့ တွေ့ပါတယ်။”

ဒီမိုကရေစီ နိုင်ငံတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရွေးကောက်ခံမယ့် ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်း ရာဇ၀င်နဲ့ အကောင်းအဆိုး ဝေဖန်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ အကြောင်းတွေကို မီဒီယာတွေက လွတ်လွတ်လပ်လပ် ရေးခွင့်ရှိတာမို့ လူထုက သူတို့ရွေးကောက်မယ့် ပါတီနဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို ပိုပြီး သိနိုင်တဲ့ အခွင့်အလမ်းတွေ ရကြပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုအခွင့်အရေးမျိုး ဆုံးရှုံးနေတယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လောလောဆယ် ဖြစ်နေတဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေ ဘယ်သူဘယ်ဝါ ဆိုတာကိုလည်းပဲ လူထုအနေနဲ့ ကောင်းကောင်းမွန်မွန် သိခွင့်မရဘူး။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူးတွေကို အစိုးရက ပိတ်တယ်။ တချို့ ဘယ်ပုဂ္ဂိုလ်တွေနဲ့မှ အင်တာဗျူးလို့ရမယ်၊ ဘယ်ပုဂ္ဂိုလ်တွေကို အင်တာဗျူးလို့ မရဘူး ဆိုတာမျိုးကအစ စာပေစိစစ်ရေးက လိုက်ပြီး တင်းကျပ်တာမျိုးတွေ ရှိတယ်။

“ပြီးတော့ အင်တာဗျူးရင် ဒီအင်တာဗျူးရဲ့ အတိုင်းအတာ၊ အကန့်အသတ် ဘယ်လောက်အထိပဲ ထည့်ရမယ် ဆိုတာမျိုးတွေကို သူတို့ တင်းကျပ်တာမျိုးတွေ ရှိတယ်။ ဆိုတော့ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေရဲ့ သဘောသဘာဝကိုလည်း လူထုက မသိနိုင်ဘူး၊ သူတို့ရဲ့ ပါတီ နောက်ကြောင်းရာဇ၀င်ကိုလည်း လူထုက မသိနိုင်ဘူး။ တဘက်ကလည်း လူထုအနေနဲ့ ဒီနိုင်ငံရေးသမားတွေ တချိန်ချိန်မှာ လွှတ်တော်ထဲရောက်ရင် သူတို့အတွက် ဘာပြောစေချင်သလဲ ဆိုတာကိုလည်း မီဒီယာတွေက ဖော်ပြခွင့် မရှိဘူးဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်၊ အခုအချိန်မှာ။

“ဆိုတော့ မီဒီယာဟာ သူတို့လုပ်ရမယ့် လုပ်ငန်းဆောင်တာကို လုပ်ခွင့်မရဘဲ အဆင်မသင့်ရင် ထောင်ကျတယ်၊ စာစောင်တွေ အပိတ်ခံရတယ်၊ စီးပွားရေးအရ ဆုံးရှုံးတယ်၊ လူမှုရေးအရ နစ်နာတယ်။ ၁၉၇၄ အခြေခံဥပဒေ ရေးမယ်ဆိုတုန်းက အဲဒီအခြေခံဥပဒေ အကြောင်းကို လူထုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အကြောင်းထက် ပိုပြီးတော့ သိတယ်။

“ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက ရှိခဲ့တဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတို့၊ ကြေးမုံတို့ ဒါတွေက အခြေခံဥပဒေ အကြောင်းကို ဂဃနဏ ရေးကြတယ်။ ဒီအခြေခံဥပဒေဟာ တပါတီ အခြေခံဥပဒေကို ခိုင်မာအောင်လုပ်တဲ့ သဘောမျိုး ဆိုတာကို လူတိုင်းက သိပေမဲ့ အနည်းဆုံးအားဖြင့်တော့ ဒီအခြေခံဥပဒေထဲမှာ ဘာတွေပါလဲ ဆိုတာကို လူထုက သေသေချာချာ သိတယ်။ ဒီနေ့ခေတ် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လူထုက ကောင်းကောင်းမွန်မွန် မသိဘူး။ မီဒီယာ ထိုးဖောက်နိုင်အား များပေမဲ့ အစိုးရက မီဒီယာကို တင်းကျပ်မှုကတော့ သိသိသာသာ ဒီနေ့ခေတ်မှာ ပိုများလာတယ်လို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်။”

မြန်မာသတင်းသမဂ္ဂ တာဝန်ခံ ဦးမောင်မောင်မြင့် ပြောသွားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်မှု မရှိဆုံး နိုင်ငံ ၁၇၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၀ အဖြစ်နဲ့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာတဲ့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က သတ်မှတ်ထားပါတယ်။

Wednesday, June 23, 2010

ဒုတိယအကြိမ်ညီလာခံသက်တမ်း၊ ဒုတိယအကြိမ်မူဝါဒရေးရာဦးဆောင်အဖွဲ့အစည်းအဝေးသို့ အတွင်းရေးမှူးအဖွဲ့မှတင်ပြသည့် ယနေ့ကာလ နိုင်ငံရေးဖြစ်ထွန်းတည်ရှိမှုများနှင့် သ

(၂ဝ၁ဝ ဇွန်လ ၇ ရက် – ၁ဝ ရက်)

နိဒါန်း

နိုင်ငံရေးဖြစ်ထွန်းတည်ရှိမှုများနှင့် သုံးသပ်ချက်များကို အောက်ပါခေါင်းစဉ်ငယ် (၆) ခုဖြင့် တင်ပြသွားမည် ဖြစ်ပါသည်။

၁။ ပြည်တွင်းနိုင်ငံရေးအင်အားစုများအခြေအနေ

၂။ အပစ်ရပ်အင်အားစုများအခြေအနေ

၃။ နယ်စပ်အခြေစိုက်အဖွဲ့အစည်းများအခြေအနေ

၎။ နိုင်ငံတကာအခြေအနေ

၅။ နအဖစစ်အုပ်စုအခြေအနေ

၆။ ခြုံငုံသုံးသပ် အကြံပြုချက်

၁။ ပြည်တွင်းနိုင်ငံရေးအင်အားစုများအခြေအနေ

(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၂ဝ၁ဝ ခုနှစ် မတ်လ (၈) ရက်နေ့တွင် နအဖစစ်အစိုးရမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ခု ကို ထုတ်ပြန်လိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် (၉ဝ) ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီများအား စိန်ခေါ်လိုက်ပါသည်။ ပါတီဗဟိုမှ ရပ်ကျေး စည်းရုံးရေး ကော်မတီများသို့တိုင် အဆင့်ဆင့်သော

ဒုတိယအကြိမ်ညီလာခံသက်တမ်း၊ ဒုတိယအကြိမ်မူဝါဒရေးရာဦးဆောင်အဖွဲ့အစည်းအဝေးသို့ အတွင်းရေးမှူးအဖွဲ့မှတင်ပြသည့် ယနေ့ကာလ နိုင်ငံရေးဖြစ်ထွန်းတည်ရှိမှုများနှင့် သ

(၂ဝ၁ဝ ဇွန်လ ၇ ရက် – ၁ဝ ရက်)

နိဒါန်း

နိုင်ငံရေးဖြစ်ထွန်းတည်ရှိမှုများနှင့် သုံးသပ်ချက်များကို အောက်ပါခေါင်းစဉ်ငယ် (၆) ခုဖြင့် တင်ပြသွားမည် ဖြစ်ပါသည်။

၁။ ပြည်တွင်းနိုင်ငံရေးအင်အားစုများအခြေအနေ

၂။ အပစ်ရပ်အင်အားစုများအခြေအနေ

၃။ နယ်စပ်အခြေစိုက်အဖွဲ့အစည်းများအခြေအနေ

၎။ နိုင်ငံတကာအခြေအနေ

၅။ နအဖစစ်အုပ်စုအခြေအနေ

၆။ ခြုံငုံသုံးသပ် အကြံပြုချက်

၁။ ပြည်တွင်းနိုင်ငံရေးအင်အားစုများအခြေအနေ

(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၂ဝ၁ဝ ခုနှစ် မတ်လ (၈) ရက်နေ့တွင် နအဖစစ်အစိုးရမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ခု ကို ထုတ်ပြန်လိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် (၉ဝ) ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီများအား စိန်ခေါ်လိုက်ပါသည်။ ပါတီဗဟိုမှ ရပ်ကျေး စည်းရုံးရေး ကော်မတီများသို့တိုင် အဆင့်ဆင့်သော

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် (၇) ခု မှ မြန်မာများဦးစီးကျင်းပသော ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့တွင် ဦးဝင်းတင်နှင့် လူထုဦးစိန်ဝင်းတို့ေ

မိုးမခ သတင်းဌာနမှ ကူးယူဖော်ပြသည်။

ဦးဝင်းတင် ….

ဘာလဲဆိုတော့ ကျနော်မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄) နှစ်မြောက်မွေးနေ့နဲ့ ပတ်သက်ပြီးတော့သွားသတိရတယ်ဗျာ။ အဲ့ဒီ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲကိုရောက်နေတယ်။ ကျနော်တို့တွေက အပြင်မှာပေါ့ဗျာ။ အဲ့ဒီတော့ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းနားတွေကျင်းပတယ်။

Sunday, June 20, 2010

NLD နိုင်ငံရေးဆက်လုပ်မည်


NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လူမှုရေးလုပ်ငန်းတွေကို တဖက်မှာ လုပ်ကိုင်နေသလို နိုင်ငံရေးလုပ်ငန်းတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပတဲ့ အခမ်းအနားမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က အခုလို ပြောကြားသွားတာပါ။

Wednesday, June 9, 2010

နိုင်ငံရေးပါတီများတွင် စာပေ အနုပညာရှင်များလည်း ပါဝင်

မျိုးဝင်းဇော် / ၀၈ ဇွန် ၂၀၁၀

ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ တည်ထောင်ကြသူများတွင် စာပေ အနုပညာသမားအချို့လည်း ပါဝင်လာကြောင်း ၉ဝ ရွေးကောက်ပွဲ၌ ပါဝင်ခဲ့သည့် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်ဟောင်းတဦးက ပြောသည်။

Friday, June 4, 2010

ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်တဦးက အိမ်ချုပ် တရက် ကျခံမည်

မိုးမခအထောက်တော် အမှတ် ဝဝ၆
ဇွန် ၃၊ ၂ဝ၁ဝ http://moemaka.com/index.php?option=com_content&task=view&id=6535&Itemid=1

တရက်တာ အကျယ်ချုပ် ကျခံစဉ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လာရောက် လေ့လာသူ မည်သူ့ကို မဆို မုန့်ဟင်းခါးဖြင့် ဧည့်ခံမည်ဟု Alix Clarke က ပြောသည်။

Thursday, June 3, 2010

ငြိမ်းချမ်းရေးဝတ်ရုံပြာ အရောင်လွင့်ပြယ်စပြုနေပြီလော ?

ငြိမ်းချမ်းရေးဝတ်ရုံပြာ အရောင်လွင့်ပြယ်စပြုနေပြီလော ?

Posted by DPNS on May 29th, 2010 in အပစ်ရပ်အဖွဲ့များ
http://www.dpnsburmese.org/?p=1340#more-1340

၂၀၁၀ ဧပြီ ၂၈ ရက်နေ့နောက်ဆုံးထားပြီး (နယ်ခြားစောင့်၊ နယ်မြေစောင့်၊ ပြည်သူ့စစ်) တပ်ဖွဲ့များအသွင် ပြောင်းလဲကြရန် ကျန်ရှိနေသေးသည့် အပစ်ရပ်အဖွဲ့များအား နအဖ စစ်အစိုးရက ရာဇသံပေးခဲ့ဖူးသည်။

ဗိုလ်ချုပ်ဆေထဲန် ဥပမာထားပြီး နအဖကို မယုံကြည်ဟု SSA ခေါင်းဆောင်ပြော

ဗိုလ်ချုပ်ဆေထဲန် ဥပမာထားပြီး နအဖကို မယုံကြည်ဟု SSA ခေါင်းဆောင်ပြော

May 18
http://www.dpnsburmese.org/?p=1347#more-1347

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့်တွေ့ဆုံရန် မိုင်းနောင် စကခ က ဖိတ်ခေါ်ခဲ့သော်လည်း ယုံကြည်မှုမရှိသောကြောင့် သွားရောက်တွေ့ဆုံခြင်းမပြုနိုင်ကြောင်း အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင်က အပြတ်ငြင်းဆန်လိုက်သည်ဟု

Wednesday, June 2, 2010

ဇွန်လ ပထမပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ

ဗညားဒလရပ်ကွက်မှာ ရေချိုရပြီ
နာရေးကူညီမှုအသင်း ဝေမျှမှု၊ မိုးမခက ပြန်လည်တင်ဆက်သည်
ဇွန် ၃၊ ၂၀၁၀
အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အများပြည်သူအတွက် သောက်သုံးရေ ရရှိရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကုသိုလ်ဖြစ် ရေတူးဖော်ရေးလုပ်ငန်းကို ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း အကောင်အထည်ဖော် ပေးဆပ်လျှက်ရှိရာ ယခု ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ မစိုးရိမ်ကျောင်းဝင်း အတွင်းတွင် အ၀ီစိရေ တူးဖော်ခဲ့ရာ ၁.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ရေချိုများ ထွက်ရှိ ပြီ ဖြစ်ပါသည်။
ယင်း ဗညားဒလရပ်ကွက်တွင် ယခင်က သောက်သုံးရေ တူးဖော် မရခဲ့ပါ။ ယခု ပြည်တွင်း ပြည်ပ ရေအလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မှန်ကန်သော ပေးဆပ်မှုတို့ကြောင့် ဗညားဒလရပ်ကွက်တွင် သောက်သုံးရေ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ယခု ထွက်ပေါ်လာသော အ၀ီစိရေသည် ဓာတုဓါတ်ပစ္စည်းများ ပါဝင်မှု ရှိ/မရှိ၊ လူတို့ သောက်သုံးရန် သင့်/မသင့် တို့ကို စစ်ဆေးရန်အတွက် သက်ဆိုင်ရာ ဓါတ်ခွဲခန်းများသို့ ပို့ဆောင်ထား ပြီးဖြစ်ပါသည်။
(နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ရေအလှူတော် မှတ်တမ်းများကို ဒီအယ်လဘန်မှာ တစုတစည်းတည်း ကြည့်နိုင်ပါပြီ)

Monday, May 31, 2010

မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယား နည်းပညာပေး

ကိုထွေး Monday, May 31, 2010
http://www.irrawaddy.org/bur/index.php/news/1-news/3267-2010-05-31-09-11-09
2
မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။


[လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်]

NLD CEC များ၏ ကိုယ်ရေး အထုပ္ဗတ္တိအကျဉ်း

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၀၈ မိနစ်
http://www.mizzimaburmese.com/special/research/4622-nld-cec-.html

ဦးဝင်းတင်
(ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) ကို ၁၉၃ဝ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အဖ ဦးပုနှင့် အမိ ဒေါ်အမာတို့က ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့သည်။

မွေးချင်း ၂ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ၁၅ နှစ်ခန့် အသက်ငယ်သော ညီမ ဒေါ်တင်တင်မြင့်မှာ အငြိမ်းစား ကျောင်းဆရာမအဖြစ် ရန်ကုန်မြို့တွင် လက်ရှိ နေထိုင်လျက်ရှိသည်။

ကြို့ပင်ကောက်မြို့ အမျိုးသား အထက်တန်းကျောင်းနှင့် ရန်ကုန်မြို့ လမ်းမတော် မြို့မအထက်တန်းကျောင်းတွင် အခြေခံပညာကို ဦးဝင်းတင် သင်ကြားခဲ့သည်။ ထို့အပြင် ၁၉၄ဝ မှ ၁၉၄၄ ခုနှစ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲကာလ၌ ရန်ကုန်တွင် လှည့်ပတ်၍ ကျောင်းတက်ခဲ့ရသည်များလည်း ရှိသည်။

၁၉၄၇-၄၈ ခုနှစ်တွင် ကြို့ပင်ကောက် အမျိုးသား အထက်တန်းကျောင်း၏ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပြီး ၁၉၅၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဒဂုံမဂ္ဂဇင်း၌ ကဗျာစတင်ရေးသားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အကျိုးဆောင် ဂျာနယ်နှင့် သံတော်ဆင့် သတင်းစာတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅ဝ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်) ၌ စာပြုလက်ထောက်အယ်ဒီတာ၊ AFP ပြင်သစ်သတင်းဌာန၌ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၁၉၅၅ မှ ၁၉၅၇ ခုနှစ်အထိ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ ဂျမ်ဘာတန် စာအုပ်ကုမ္ပဏီ၌ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၇ မှ ၁၉၅၈ ခုနှစ်အထိ ကြေးမုံသတင်းစာ အယ်ဒီတာ၊ ၁၉၅၈ မှ ၁၉၆ဝ ခုနှစ်အထိ ပြည်သူ့အိုးဝေ သတင်းစာ တာဝန်ခံ အယ်ဒီတာနှင့် ၁၉၆ဝ မှ ၁၉၆၉ ခုနှစ်အထိ ကြေးမုံသတင်းစာ အမှုဆောင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၁၉၆၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သတင်းစာဆရာများအဖွဲ့ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ စည်းရုံးရေးမှူး၊ ၁၉၆၂ မှ ၁၉၆၄ ခုနှစ်အထိ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီအတွင်းရေးမှူး၊ ၁၉၆၉ မှ ၁၉၇၉ ခုနှစ်အထိ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။

၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့၏ ဗဟိုစည်းရုံးရေးကော်မတီဝင် ဖြစ်ခဲ့ပြီး ယင်းနှစ်တွင် မန္တလေးတိုင်း အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဒုဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ် NLD စတင်ဖွဲ့စည်းစဉ် ဦးဆောင်ပါဝင်ခဲ့ပြီး ၁၉၈၈-၁၉၈၉ ခုနှစ်တွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဖြစ်ခဲ့သည်။

အသက် ၆ဝ နှစ်အရွယ် (၁၉၈၉ ခုနှစ်) တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အင်းစိန်အကျဉ်းထောင်သို့ ထိုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပို့ဆောင်ခံခဲ့ရသည်။

၁၉၉၃ ခုနှစ်တွင် အမေရိကန် အောက်လွတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဘီလ်ရစ်ချတ်ဆန်နှင့် အင်းစိန် အကျဉ်းထောင်အတွင်း တွေ့ဆုံခွင့် ရရှိခဲ့သည်။ ထိုစဉ်က ဦးဝင်းတင်သည် သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများ၊ အကျဉ်းထောင်တွင်း အခြေအနေများကို ပြောဆိုခြင်း မရှိဘဲ နိုင်ငံရေးလမ်းစဉ်တရပ်ကို ပြောဆိုခဲ့သည်။ ‘’စု-လွှတ်-တွေ့’’ ဟူသည့် လမ်းစဉ်ဖြစ်သည်။

‘စု’ သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ‘လွှတ်’ သည် ၁၉၉ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်အတိုင်း လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးရန်၊ ‘တွေ့’ သည် အတိုက်အခံ ဒီမိုကရေစီအင်အားစု ပါတီပေါင်း ၁ဝဝ ကျော်က လုပ်ပိုင်ခွင့်အာဏာ (Mandate) ပေးအပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နဝတ စစ်ကောင်စီတို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ (Dialog) ဖြစ်သည်။

အကျဉ်းထောင်အတွင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးနှင့် တွေ့ဆုံခွင့် ရရှိသော်လည်း ၎င်းနေရာတွင် ဆက်ခံသည့် မစ္စတာ တောမတ်ကွင်တားနားကိုမူ တွေ့ဆုံရန် ငြင်းဆိုခဲ့သေးသည်။ စစ်အစိုးရ၏ ဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံရမည်ဆိုသဖြင့် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

အကျဉ်းကျပြီး ၆ နှစ်ခန့်အကြာ ၁၉၉၅ ခုနှစ်တွင် ထောင်တွင်း၌ သတင်းစာ၊ နိုင်ငံရေး သတင်းလွှာ၊ ကဗျာများကို လျှို့ဝှက်စွာ ရေးသားထုတ်ဝေခဲ့သည်။ အကျဉ်းထောင်အတွင်း ဖြစ်ပျက်နေသာ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ အနေအထိုင် ကျပ်တည်းပုံ၊ မဝရေစာ စားသောက်ရပုံများကို ရေးသားပြီး အကျဉ်းသား ၁ဝဝ ကျော်၏ လက်မှတ်များရရှိအောင် ကြိုးစားကာ ကမ္ဘာ့ကုလသမဂ္ဂထံ တိုင်ကြားခဲ့သည်။

၁၉၉ဝ ခုနှစ်ကာလအတွင်း အကျဉ်းထောင်အတွင်းမှနေ၍ ဦးဝင်းတင်ရေးသားခဲ့သော ‘’ကျားရဲ ငါ’’ ဟူသည့် ကဗျာသည် ထောင်ပြင်ပသို့ ရောက်ရှိပြန့်နှံ့ခဲ့သေးသည်။ ထိုကဗျာမှာ …

ကျားရဲ ငါ

နေပြင်းရင် နှင်းမှုန်ရင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်ရင်ထိုင် မထိုင်ရင်ငေး
အိပ်ရင်အိပ် မအိပ်ရင်တွေး။

သတင်းမေးဖို့ ဝေးရော
သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။

အဟောသိက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တပ်တပ် တနေကုန်။

မနေ့ကလဲ တနေကုန်
ဒီနေ့လဲ တနေကုန်
နက်ဖြန်လည်း ကုန်ဦးမယ်။
ကုန်ကုန်ကုန်
ကုန်ချင်သလောက် ကုန်စမ်း
တရက်ကုန်မလား တသက်ကုန်မလား
တလကုန်မလား တဘဝကုန်မလား
တနှစ်ကုန်မလား တခေတ်ကုန်မလား။

အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့နှံမယ်။

အမှန်တရား ဒို့ဘက်မှာရှိတယ်
ပြည်သူအများ ဒို့ဘက်မှာရှိတယ်
ကာလယန္တရား ဒို့ဘက်မှာရှိတယ်
ရှင်တော်ဘုရား ဒို့ဘက်မှာရှိတယ်
သိကြရဲ့လား ဟား ဟား ဟား ဟား။

တိရစ္ဆာရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်သလား။

မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။

မှားထားဟေ့
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲမရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ

ငါလည်း အဲဒီလိုပဲကွဟေ့။ ။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ဖြစ်သည့် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဘဝဖြင့် ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရာမှာ ပြန်လည်လွတ်မြောက်ခဲ့သည်။ လွတ်မြောက်ပြီးနောက် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

သတင်းစာဆရာကြီး ဦးဝင်းတင်သည် ၂ဝဝ၁ ခုနှစ်တွင် UNESCO မှ ချီးမြှင့်သော Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု (Guillermo Cano World Press Freedom Prize) ဆု၊ ၂ဝဝ၁ ခုနှစ်တွင် ကမ္ဘာ့သတင်းစာများ အသင်း၏ လွတ်လပ်ရေးအတွက် ရွှေကလောင်ဆု (Golden Pen of Freedom Award) ဆု၊ ၂ဝဝ၆ ခုနှစ်တွင် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က ချီးမြှင့်သော (Reporters Without Border) ဆုနှင့် ၂ဝဝ၈ ခုနှစ်တွင် ဂျာမဏီနိုင်ငံ Leipzig မြို့မှ ချီးမြှင့်သော (Prize of the freedom and future of the media) ဆုများ ရရှိခဲ့သည်။

၂ဝ၁ဝ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အသက် ၈ဝ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကိုယ်တွေ့ ထောင်တွင်းအတွေ့အကြုံများ ရေးသားထားသည့် “ဘာလဲဟေ့ လူ့ငရဲ” စာအုပ် ထုတ်ဝေဖြန့်ချိခဲ့သည်။
ဦးဝင်းမြင့်
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်

မဲဆန္ဒနယ် အမှတ် (၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးဝင်းမြင့်သည် ဓနုဖြူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၂ဝ,၃၈၈) မဲ၊ စုစုပေါင်း မဲရာနှုန်း (၅၅.၅၇) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

ဓနုဖြူမြို့နယ်၊ ညောင်ကျောင်းကျေးရွာဇာတိဖြစ်သည်။ အဖ ဦးထွန်းကျင်၊ အမိ ဒေါ်သန်းတို့မှ ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်မွေးဖွားခဲ့သည်။ ဦးဝင်းမြင့်သည်၊ ညောင်ကျောင်းကျေးရွာ အစိုးရ မူလတန်းကျောင်း၊ ဓနုဖြူအစိုးရအထက်တန်းကျောင်း၊ ပုသိမ်မြို့တွင် အစိုးရအထက်တန်းကျောင်း အမှတ် (၆) တွင် အခြေခံပညာ သင်ကြားခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ သိပ္ပံ (ဘူမိဗေဒ) ဘွဲ့ ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲကိုလည်းကောင်း ၁၉၈၅ ခုနှစ်တွင် မှတ်ပုံတင် ရှေ့နေသင်တန်းကို လည်းကောင်း ဖြေဆိုအောင်မြင်ခဲ့သည်။

၁၃၅ဝ ပြည့် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သည်။ ဓနုဖြူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဓနုဖြူမှ ရန်ကုန် ကျောက်မြောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးတွင် ပါတီ တာဝန်များ ကိုအချိန်ပြည့် ထမ်းဆောင်နေပြီး ဧရာဝတီတိုင်းတွင်း အတွင်းရေးမှူးတာဝန်ကိုလည်း ထမ်းဆောင်လျက်ရှိပါသည်။ ဗဟိုအလုပ်အမှုဆောင်အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါသည်။
ဦးသိန်းညွန့် (မောင်သိန်းညွန့်- ကော့ကရိတ်)

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်

မဲဆန္ဒနယ် အမှတ် (၁)၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးသိန်းညွန့်သည် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၃၄,၂၃၂) မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၇၁.၈၃) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့ဖွားဖြစ်သည်။ ဦဥာဏ်ရင်၏ သားဖြစ်သည်။ ဦးသိန်းညွန့် (ကော့ကရိတ်) သည် ဘီအေအာရ်အယ်လ်၊ အိတ်ခ်ျဂျီပီ၊ ဒီဂျေဘွဲ့ရ တရားရုံးချုပ်ရှေ့နေဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ကျောင်းသားခေါင်းဆောင်၊ ကော့ကရိတ် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး၊ ကျောင်းသားညီညွတ်ရေးတပ်ဦးခေါင်းဆောင်၊ သဟာယနှင့် စာဖတ်အသင်းချုပ် ဥက္ကဌ၊ ကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်ခဲ့သဖြင့် ၁၉၆၃ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှ ၁၉၆၇ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့အထိ မော်လမြိုင်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံခဲ့ရသည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အင်းစိန်ပလက စာရေးဝန်ထမ်း၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိလမ်းစဉ်လူငယ်နှင့် ပါတီဌာနချုပ်တို့တွင် ဌာနမှူး၊ ၁၉၇၈ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့တွင် လူငယ်နှင့် ပတ်သက်သော သတင်းဆောင်းပါးနှစ်ပုဒ်ကိစ္စ၊ နိုင်ငံရေးသမားနှစ်ဦးတို့နှင့် ပတ်သက်သောကိစ္စတို့ကြောင့်တာဝန်နှင့်အဖွဲ့ဝင်အဖြစ်မှ ရပ်စဲထုတ်ပယ်ခြင်းခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ မောင်သိန်းညွန့် (ကော့ကရိတ်) အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၃၅ဝ ပြည့်နှစ် (၁၉၈၈ ခုနှစ်) ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် စစ်ထောက်လှမ်းရေးမှ ရဲမွန်တပ်မြို့ရှိ ထိန်းသိမ်းရေးစခန်း (ဧည့်ဂေဟာ) တွင် ခေါ်ယူဖမ်းဆီးထိန်းသိမ်းထားခြင်း ခံခဲ့ရပြီး၊ ၂ဝဝ၁ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ပြန်လွတ်သည်။

၂ဝဝ၄ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် နှစ်ပေါင်း (၃ဝ) ကြာနေထိုင်လာခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ ဧကဝက်နီးပါးကျယ် ခြံအမှတ်(၇၂) ရှိ နေအိမ်အား ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ၁၉၇၈ ခုနှစ်က ချုပ်ဆိုထားသည့် စာချုပ်စာတမ်းများကို ပယ်ဖျက်ပြီး နေအိမ်ကို အမွေဆိုင် အိမ်အဖြစ် ပြောင်းလံသတ်မှတ်၍ လေလံတင်ရောင်းချရန်ပြင်ဆင်၍ ဖိအားပေးခြင်းခံခဲ့ရသည်။ ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် “လွတ်လပ်သည့် အာရှအသံ” (Radio Free Asia) အသံလွှင့်ဌာနနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် အတွက် ၁၉၂၆ ခုနှစ်၊ တရားရုံးများကို မထီမဲ့မြင်ပြုမှုအက်ဥပဒေ၊ ပုဒ်မ (၃) အရ ဒဏ်ငွေ (၂၀၀၀) ကျပ်ပေးဆောင်ရန် ပျက်ကွက်ပါက အလုပ်မဲ့ထောင်ဒဏ် (၁) လ ကျခံစေရန် အမိန့် ချမှတ်ခြင်းခံခဲ့ရသည်။ ဇနီးမှာ ဒေါ်ခင်ခင်အေး (တရားရုံးချုပ်ရှေ့နေ) ဖြစ်ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေဌာနနှင့် မွန်ပြည်နယ်အဖွဲ့အစည်းအဖွဲ့ဝင် တာဝန်များကို ပူးတွဲထမ်း ဆောင်လျက်ရှိသည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရသည်။
ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် မဲဆန္ဒနယ်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် နောက်ချိုမြို့နယ်၊ မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာခိုင်လုံမဲ (၁၈,၈၈၆) မဲ၊ စုစုပေါင်းမဲရာခိုင်နှုန်း (၅၆.၉၉) ဖြင့်ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

အဖ ဦးကြာဟိန်း၊ အမိဒေါ်မြခင်တို့မှ ၁၉၄၉ ခုနှစ်၊ ဧပြီလ (၃ဝ) ရက်နေ့တွင် မွေးဖွားခဲ့သည်။ ပြင်ဦးလွင် မြို့နယ်၊ ဇီးပင်ကြီးကျေးရွာဇာတိဖြစ်သည်။ ဦးထွန်းထွန်းဟိန်သည် ၁၉၅၄ ခုနှစ်တွင် ကျောက်မဲမြို့ အမျိုးသားအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၆ ခုနှစ်တွင်ကျောင်းထွက်လက်မှတ်ရ စာမေးပွဲနှင့် ၁၉၆၈ ခုနှစ်တွင် ကျောက်မဲမြို့ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ (သတ္တဗေဒ) ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဒေါ်စိန်စိန်သိမ်း နှင့် လက်ထပ်ခဲ့သည်။ ၁၉၇၃- ၇၄ ခုနှစ်တွင် နယ်စပ်ဒေသ ကွမ်းလုံမြို့၌ မိဘဆရာခန့် အထက်တန်းပြဆရာ၊ ၁၉၇၅ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၃၅ဝ ပြည့်နှစ် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့အရေး တော်ပုံကြီးတွင် နောင်ချိုမြို့နယ် အထွေထွေသပိတ် ကွပ်ကဲမှု ကော်မတီ ဥက္ကဌ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ နောင်ချိုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံအဖြစ် ဆောင်ရွက် ခဲ့သည်။

ယခုအခါ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် နေထိုင်လျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးနှင့် ရှမ်းပြည်နယ်စည်း အတွင်းရေးမှူးတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်လျက်ရှိပါသည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟို အလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါသည်။
ဒေါက်တာဝင်းနိုင်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်

မဲဆန္ဒနယ်အမှတ် (၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါက်တာဝင်းနိုင်သည် သံလျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၁၈,၈၄၅) မဲ၊ စုစုပေါင်း မဲရာနှုန်း (၆၆.၄၆) ဖြင့် ရွေးချယ်တင် မြှောက်ခြင်းခံခဲ့ရသည်။

ဗဟန်း (ရန်ကုန်) ဇာတိဖြစ်သည်။ အဖ ဦးမြသောင်း၊ အမိ ဒေါ်ညွန့်ရှင်တို့မှ ၁၉၅၄ ခုနှစ်၊ မတ်လ (၁ဝ) ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဒေါက်တာဝင်းနိုင်သည် သာကေတမြို့နယ် အစိုးရ အထက်တန်းကျောင်း အမှတ် (၂) မှ ဆယ်တန်းအောင်မြင်ခဲ့၍ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ၁၉၇၉ ခုနှစ်တွင် ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ပြင်ပဆရာဝန်၊ ၁၃၅ဝ ပြည့် (၁၉၈၈ ခုနှစ်) ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သည်။ သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဦးဆောင် တာဝန်ယူ ခဲ့သည်။

ရန်ကုန်တိုင်း အတွင်းရေးမှူးတာဝန်နှင့် ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် တာဝန်ယူခဲ့ ပါသည်။ ယခုအခါ ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါသည်။
ဦးအုန်းကြိုင် (ခ) အောင်ဝင့်

မန္တလေးအရှေ့တောင်မြို့နယ်

မဲဆန္ဒနယ်အမှတ် (၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးအုန်းကြိုင် (အောင်ဝင့်)သည် မန္တလေး အရှေ့တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ခိုင်လုံမဲ (၃၂,၇၁၈)မဲ၊ စုစုပေါင်း မဲရာနှုန်း (၇၆.ဝ၈) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

မော်လမြိုင်ကျွန်းဇာတိဖြစ်သည်။ အဖ ဦးဘရှင်၊ အမိ ဒေါ်စိန်တို့မှ ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဦးအုန်းကြိုင် (အောင်ဝင့်)သည် ၁၉၆၇ ခုနှစ်တွင် ဝိဇ္ဖာဘွဲ့၊ ၁၉၇၂ ခုနှစ်တွင် သတင်းစာ ပညာ ဒီပလိုမာ၊ ၁၉၇၈- ၇၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပညာသင်ဆုဖြင့် သွားရောက်၍ သတင်းစာပညာ ဒီပလိုမာ ရရှိခဲ့သည်။ ၁၈၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကြေးမုံသတင်းစာ၊ ဟံသာဝတီ သတင်းစာ (မန္တလေး)၊ ဗိုလ်တထောင် သတင်းစာတို့တွင် လက်ထောက်အယ်ဒီတာနှင့် အယ်ဒီတာ၊ ၁၉၆၂- ၆၃ ခုနှစ်၊ ကျောင်းသား အရေးအခင်းတွင် ပါဝင်ခဲ့သည်။ ၁၉၇၄ ခုနှစ် လမ်းစဉ်သတင်း၊ ဗိုလ်တထောင် သတင်းစာနှင့် ရုပ်ရှင်အောင်လံ တို့တွင် မောင်ချစ်ဖွယ်၊ အောင်ဝင့်၊ အောင်တင့် စသော ကလောင်အမည် တို့ဖြင့် နိုင်ငံတကာရေးရာ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၃၅ဝ ပြည့်နှစ် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့မှုကြောင့် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာဖြစ်မှ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အငြိမ်းစားပေးခြင်းခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်နှင့် မန္တလေးတိုင်းစည်းရုံးရေးကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက် ခဲ့သည်။ အဖွဲ့ချုပ်မှ ထုတ်ဝေသည့်မှတ်တမ်းလွှာအဖွဲ့တွင် တာဝန်ခံအယ်ဒီတာ တဦးဖြစ်သည်။ နဝတ၏ အမိန့် အမှတ် (၁/၉ဝ) အားဆန့်ကျင်မှုဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ဦးအုန်းကြိုင်သည် ၁၉၅ဝ ပြည့်နှစ်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ (၅)(က)(ခ)(ည) အရ ပြစ်ဒဏ် စီရင်ခြင်း ခံရပြီး ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၁ဝ)(ည)နှင့် ငြိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်မှ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ကြေငြာသည်။ နောင်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများ၌ ပါဝင် ယှဉ်ပြိုင်ခွင့် ကိုလည်း ပိတ်ပင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရေကြည်အိုင် စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းမှတဆင့် အောက်တိုဘာလတွင် အင်းစိန် ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထို့နောက် ပြစ်ဒဏ် (၁၇)နှစ် ချမှတ်ခံခဲ့ရပြီး အင်းစိန်ဗဟိုအကျဉ်းထောင် နှင့် တောင်ငူထောင်တို့တွင် (၁၄)နှစ်ကျော်ကြာ နေခဲ့ရပြီး ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် တောင်ငူ အကျဉ်းထောင်မှပြန်လည် လွတ်မြောက်ခဲ့သည်။

ပထမအမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဦးစီးအဖွဲ့ဝင်နှင့် မန္တလေးတိုင်းစည်းကော်မတီဝင်များ ဖြစ်ကြသည့် မုံရွာဦးတင်ရွှေ၊ ဦးသိန်းတန်တို့နှင့် အမှုတွဲဖြစ်ပြီး၊ ၁၉၉ဝ ပြည့်နှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် မန္တလေးမြို့၌ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂနှင့် သံဃာ့သမဂ္ဂ အဖွဲ့တို့ပူးပေါင်း၍ ရှစ်လေးလုံး (၂)နှစ် မြောက်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းလောင်းလှူပွဲကျာင်းပ ပြုလုပ်ခဲ့ရာ စစ်တပ်မှ ပစ်ခတ်ခဲ့သဖြင့် သံဃာတော်အချို့နှင့် ကျောင်းသားလူငယ်အချို့ ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်ကို ထိုစဉ်က မန္တလေးတိုင်းမှူးဖြစ်သူထံ စာရေးသားပေးပို့၍ စုံစမ်း အရေးယူမှုပြုလုပ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည့်အပြင် အဆိုပါစာအား မိတ္တူကူး၍ အများပြည်သူထံ ဖြန့်ချိခဲ့မှုဖြင့် ထောင်ဒဏ် (၇)နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ဒုတိယအမှုမှာ ဂန္ဒီကြေငြာချက် ထုတ်ပြန်ခဲ့မှုဖြစ်သည်။ ဦးကြည်မောင် အပါအဝင် မုံရွာဦးတင်ရွှေ၊ ဦးသိန်းတန်၊ ဦးချမ်းအေး၊ ဗိသုကာ ဦးကျော်မင်း၊ မောင်ဝံသ၊ ဦးတင်ထွဋ်စသည့် ဗဟိုဦးစီးအဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ဗဟိုလူငယ်များ ဖြစ်ကြသည့် ကိုမြင့်စိုး၊ ကိုဝင်းလှိုင်၊ ကိုမိုးဇော်ဦးတို့မှာ ၄င်း၏ အမှုတွဲများ ဖြစ်ကြသည်။ အဆိုပါအမှုဖြင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ၂ဝဝ၅ ခုနှစ်၊ နှစ်ဆန်းတွင် ထောင်ဒဏ်ချမှတ်ခြင်း ခံထားရာမှ ပြန်လည် လွတ်မြောက် လာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုတွင် နာဂစ် လေဘေး ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့နှင့် ဗဟို ပြန်ကြားရေး တာဝန်များကို တာဝန်ယူလုပ်ဆောင်လျက်ရှိပြီး၊ မန္တလေးတိုင်းစည်းအဖွဲ့ဝင်လည်း ဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလတွင် ဗဟို အလုပ်အမှုဆောင် တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါသည်။
ဒေါက်တာမေဝင်းမြင့်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်

မဲဆန္ဒနယ် အမှတ် (၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါက်တာမေဝင်းမြင့်သည် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ခိုင်လုံမဲ (၂ဝ,၅၁၃) မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၇၄.၁၈) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

မော်လမြိုင်မြို့ဇာတိဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်၊ မတ်လ (၈)ရက်နေ့တွင် မွေးဖွားသည်။ ဦးသောင်းညွန့်၏ သမီးဖြစ်သည်။ ဒေါက်တာမေဝင်းမြင့်သည် ၁၉၆၇ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁)မှ ဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ မြောက်ဥက္ကလာပနှင့် ကျောက်တံတားသမဝါယမ အချိန်ပိုင်းဆရာဝန်၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၃ခုနှစ်အထိ လက်ထောက်ဆရာဝန် (ရန်ကုန်ပြည်သူ့ဆေးရုံကြီး)၊ ၁၉၈၃ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆရာဝန် (သမိုင်း မသန်မစွမ်းအထူးကုဆေးရုံ)၊ ၁၉၈၈ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဝန်ထမ်း အဖြစ်မှ နှုတ်ထွက်သည်။ မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အတွင်းရေးမှူး တာဝန် ယူခဲ့သည်။ ၁၉၉၇ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့တွင် မရမ်းကုန်းမြို့နယ် အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်လူငယ်များ တာဝန်ပေးအပ်ခြင်း အစည်းအဝေးပြုလုပ်ရန် စီစဉ်ခဲ့ရာ အစိုးရဆန့်ကျင်ရေး ဆူပူ လှုပ်ရှားမှု ပြုလုပ်ရန် စီစဉ်ခဲ့သည်ဟုဆိုကာ ၁၉၉၇ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှ ၁၉၅ဝပြည့်နှစ် အရေးပေါ်စီမံချက်နှင့် အက်ဥပဒေ ပုဒ်မ ၅(ည) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ၁၉၉၇ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့သည်။

၂၀၀၄ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် ပုဒ်မ ၁ဝ(က)ဖြင့် နောက်ထပ်ရက်ပေါင်း (၆ဝ) ချမှတ်ခဲ့သည်။ ၂၀၀၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ပုဒ်မ ၁ဝ(က)ဖြင့် ထပ်တိုးပြစ်ဒဏ် (၁)နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၀၆ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် တဖန် နောက်ထပ်ပြစ်ဒဏ် (၁)နှစ် ချမှတ်ခြင်းခံရသည်။ မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသည်။

လက်ရှိဗဟိုအမျိုးသမီးအဖွဲ့ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟို အလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရသည်။
ဒေါက်တာသန်းငြိမ်း

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်

မဲဆန္ဒနယ်အမှတ်(၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါက်တာသန်းငြိမ်းသာ် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၁၇,ဝ၁၈)မဲ၊ စုစုပေါင်းမဲရာခိုင်နှုန်း (၆၄.၉၅) ဖြင့် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရသည်။

ကျောက်တန်းမြို့နယ်၊ ခနောင်ရွာဇာတိဖြစ်သည်။ ၁၉၃၇ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့ဖွား ဖြစ်သည်။ ဦးမောင်စိန် ၏သားဖြစ်သည်။ ဒေါက်တာသန်းငြိမ်းသည် မြို့မအထက်တန်းကျောင်း (ရန်ကုန်)မှ တက္ကသိုလ်ဝင်တန်းအောင်မြင်၍ ရန်ကုန်ဆေးတက္ကသိုလ်မှ ၁၉၆၃ခုနှစ်တွင် ဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ၁၉၆၄ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ ကျန်းမာရေးဦးစီး ဌာန လက်ထောက်ဆရာဝန်၊ မြို့နယ်ဆရာဝန်၊ ၁၉၈၂ခုနှစ်မှ ၁၉၈၄ခုနှစ်အထိ သီရိလင်္ကာနိုင်ငံတွင် ကုလသမဂ္ဂ စေတနာ့ဝန်ထမ်းဆရာဝန်၊၁၃၅ဝပြည့် (၁၉၈၈ ခုနှစ်) ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သဖြင့် အလုပ်မှ အငြိမ်းစားပေးခြင်း ခံခဲ့ရသည်။ ထို့နောက် ကိုယ်ပိုင် ဆေးကုခန်းဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် သာကေတ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၁၉၇၂ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၉(၁)(ဂ) အရ အမှုဖွင့်အရေးယူခြင်းခံခဲ့ရသည်။ ၁၉၉၇ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့တွင် မရမ်းကုန်းမြို့နယ်အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်လူငယ်များ တာဝန် ပေးအပ်ခြင်း အစည်းအဝေးပြုလုပ်ရန် စီစဉ်ခဲ့ရာ အစိုးရဆန့်ကျင်ရေးဆူပူလှုပ်ရှားမြှုပုလုပ်ရန် စီစဉ်ခဲ့သည်ဟု ဆိုကာ ၁၉၉၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ၁၉၉၇ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှ ၁၉၅ဝပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည)ဖြင့် အမှုဖွင့် တရားစွဲခဲ့ရာ ၁၉၉၇ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်ကျခံခဲ့ရသည်။

၂ဝဝ၄ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် လွတ်ရက်စေ့နေသော်လည်း ပုဒ်မ ၁ဝ(က) ဖြင့်နောက်ထပ် ပြစ်ဒဏ် ရက်ပေါင်း (၆ဝ) စီ သုံးကြိမ် ချမှတ်ခဲ့ပြီးနောက်၂ဝဝ၄ ခုနှစ်၊ စက်တင်ဘာလ (၂ဝ)ရက်နေ့တွင် အင်းစိန်ဗဟို အကျဉ်းထောင်မှ သာယာဝတီ အကျဉ်းထောင်၊ ထိုမှ ပေါင်းတည်ထောင်၊ ပြည် အကျဉ်းထောင်သို့ အဆင့်ဆင့် ပြောင်းရွှေ့ခဲ့သည်။ ၂ဝဝ၅ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့တွင် တဖန်ထပ်တိုး ပြစ်ဒဏ် (၁)နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ၂ဝဝ၆ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ပုဒ်မ ၁ဝ(က)ဖြင့် နောက်ထပ်ထောင်ဒဏ် (၁)နှစ် တိုးမြှင့်ချမှတ်ခြင်း ခံခဲ့ရသည်။

မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး ၂ဝဝ၈ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် ပြန်လည် လွတ်မြောက် ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဒု-ဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိပြီး ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါသည်။
ဦးဥာဏ်ဝင်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်

မဲဆန္ဒနယ်အမှတ် (၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးဥာဏ်ဝင်းသည် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ခိုင်လုံမဲ (၂ဝ,ဝ၃၂)မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၅၅.၂)ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

အဖ ဦးချိန်ဖေ၊ အမိ ဒေါ်ရီတို့မှ ၁၉၄၂ခုနှစ်၊ နိုဝင်ဘာလ (၂ဝ)ရက်နေ့တွင် မွေးဖွားခဲ့သည်။ ကျိုက္ခမီဇာတိ ဖြစ်သည်။ ဦးဥာဏ်ဝင်းသည် ၁၉၄၈- ၄၉ မှ ၁၉၅၉- ၆ဝ ခုနှစ်အထိ ကျိုက္ခမီအစိုးရ အထက်တန်းကျောင်း၊ မော်လမြိုင် ရှင်မဟာ ဗုဒ္ဒဃောသ အထက်တန်းကျောင်းတို့တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်မှ ၁၉၆၈ ခုနှစ်အထိ မော်လမြိုင်ဥပစာကောလိပ်၊ မန္တလေး တက္ကသိုလ်နှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာ (ဥပဒေဘွဲ့)နှင့် ဥပဒေဘွဲ့များရရှိခဲ့သည်။ ၁၉၇၇ခုနှစ်တွင် ဒေါ်လှလှဝင်းနှင့် လက်ထပ်ခဲ့သည်။

၁၉၇ဝ ပြည့်နှစ်မှ ၁၉၇၃ခုနှစ်အထိ အထက်တန်းရှေ့နေ၊ တရားရုံးချုပ်ရှေ့နေ၊ ၁၉၇၃ခုနှစ်တွင် ဥပဒေ ဝန်ထမ်း အဆင့်(၄)၊ ၁၄-၁၁-၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ဥပဒေဝန်ထမ်းအဆင့်(၁)မှ အငြိမ်းစားယူခဲ့ပြီး တရားရုံးချုပ်ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြု အဖွဲ့တွင်ပါဝင် ဆောင်ရွက်ခဲ့ပြီး၂ဝ၁ဝခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါသည်။
ဦးဟံသာမြင့်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်

မဲဆန္ဒနယ်အမှတ် (၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးဟံသာမြင့်သည် ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၁၆,၆၄၅)မဲ၊ စုစုပေါင်းမဲရာခိုင်နှုန်း (၈ဝ.၈၅)ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

အဖ ဦးသိန်းဖေမြင့် (စာရေးဆရာ၊ ကွယ်လွန်)၊ အမိ ဒေါ်ခင်ကြည်ကြည် (အငြိမ်းစား၊ ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာန) တို့မှ ၁၉၄၈ခုနှစ်၊ မေလ (၇)ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင် ဦးသိန်းဖေမြင့်မှာ
ဘုတလင်မြို့ဇာတိဖြစ်ပြီး၊ ၁၉၅၆ခုနှစ်မှ ၁၉၆ဝပြည့်နှစ်အတွင်း ဘုတလင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ ညီညွတ်ရေး အမျိုးသားတပ်ပေါင်းစု (ပ-မ-ည-တ)ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် ဖြစ်ခဲ့သည်။

ဦးဟံသာမြင့်သည် ၁၉၅၃ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ရန်ကုန်မြို့၊ သာသနာ့ရိပ်သာရပ်ကွက်၊ မဟာဓမ္မာရုံ ကျောင်းဝင်းအတွင်းရှိ မြူနီစီပါယ် မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ထိုကျောင်းမှ (၄)တန်း အောင်မြင်ခဲ့သည်။ ၁၉၅၈ခုနှစ်၊ ဇွန်လမှ ၁၉၆၄ခုနှစ်၊ ဖေဖော်ဝါရီလထိ ရန်ကုန်တက္ကသိုလ်ပညာရေး မဟာဌာန၊ လေ့ကျင့်ရေးကျောင်းတွင် ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၄ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရန်ကုန်တက္ကသိုလ်တွင် လျှပ်စစ် ဆက်သွယ်ရေးအင်ဂျင်နီယာဘာသာရပ်ကို သင်ကြားခဲ့ပြီး ၁၉၇ဝပြည့်နှစ်၊ သြဂုတ်လတွင် နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်၍ စက်မှုအင်ဂျင်နီယာ (လျှပ်စစ်ဆက်သွယ်ရေး) ဘွဲ့ရရှိခဲ့သည်။ အဆိုပါလတွင်ပင် စာတိုက်နှင့် ကြေးနန်းဌာနတွင် လက်ထောက် အင်ဂျင်နီယာ သင်တန်းဆရာ အဖြစ် ဝန်ထမ်းဘဝ စတင်ခဲ့သည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နယ်ပိုင် ကြေးနန်းဝန်ထောက်အဖြစ် လည်းကောင်း၊ စီမံကိန်း အင်ဂျင်နီယာ အဖြစ်လည်းကောင်း၊ ပြည်နယ်မန်နေဂျာအဖြစ် လည်းကောင်း၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ ရန်ကုန်မြို့များတွင် အခြေစိုက်၍ မြန်မာပြည်အနှံ့အပြား လှည့်လည်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၆ခုနှစ်မှစ၍ ဒုတိယကြီးကြပ်မှု အင်ဂျင်နီယာ (မိုက္ကရိုဝေ့ဖ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံ့တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ဆွီဒင်နိုင်ငံ၊ ကိုးရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူသမ္မတနိုင်ငံတို့တွင် ကျွမ်းကျင်မှု သင်တန်းများနှင့် လုပ်ငန်းခွင် သင်တန်းများ တက်ရောက် ခဲ့သည်။

၁၉၈၆ခုနှစ်၊ ဇူလိုင်လအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသော အာရှနှင့်ပစိဖိတ်ဒေသ ကြေးနန်း ဆက်သွယ်ရေးအဖွဲ့၏ စက်မှုဆိုင်ရာအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ခေါင်း ဆောင်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၈၈ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလ ပြည်သူ့ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင် ဘဝတူ ဝန်ထမ်းများနှင့်အတူ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၈ ခုနှစ်အောက်တိုဘာလတွင် တာဝန်မှ အငြိမ်းစားပေးခံခဲ့ရသည်။ ၁၉၈၉ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပဲခူးတိုင်းစည်းရုံး ရေးအဖွဲ့၊ တိုင်းစည်းရုံးရေးမှူး (အရန်) အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ပဲခူးတိုင်း (၂၈) မြို့နယ်အနှံ့စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ခုနှစ်၊ ဧပြီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကုန်သွယ်စီးပွားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၆ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ကြောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်မှ ကြေငြာခဲ့သည်။

ယခုအခါ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင်နေထိုင်လျက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြား ရေးတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်နေပါသည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တို့တွင် ပါဝင် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါသည်။

(ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲယင်း အတွေ့အကြုံ )

http://www.mizzimaburmese.com/edop/songpa/5452-2010-05-31-09-12-23.html
နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ အထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။

ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ် စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။

ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်း သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။

သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။
ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု

ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊ အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက် မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ မိုးကုတ်သားတွေက တခဲနက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့ သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။

ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။

သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး သတင်းပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊ လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့ လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ စစ်တာဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။ အောင်မြင်သွားတယ်။

ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။ ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့ ပိတ်ကြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ် အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။

သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။ ကျနော်တို့ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ ပြောပေမယ့် ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်း နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက် ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။ ခေါင်မိုးတွေကိုလည်း မှန်တယ်။

ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို အမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင် တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက လိုက်လာပြီးတော့ အမှုဖွင့်တယ်။

အမှုဖွင့်နေစဉ်အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီးစည်းထားတဲ့ လူတယောက်ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ ထသွားလဲဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့ ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊ ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက်သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။

ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။ ဆိုလိုတာက ဘာပြောချင်လဲဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းက လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့ ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့ အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။ အောက်ကကောင်တွေက မခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့ မှန်သွားတယ်လို့ ပြောတာပါ။

အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။ စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလားဆိုပြီးတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရော၊ ယောက်ျားတချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင်အချိန်လောက်မှာ လိုက်ပို့ကြတယ်။

ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက်လာကြတာပဲ။ အဲဒီလာတဲ့အခါမှာ တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ်ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့ ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက မသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံ တိပ်သွားတယ်။ တရားပွဲတွေဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။ မတ္တရာထွက်လာတဲ့အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက် မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။ ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့ ကတောက်ကဆဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊ ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။

အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။ မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့ တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာ မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။

အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့ လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။ သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျာတို့ သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။

ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပြီးပြီ။ တတ်နိုင်သလောက် လုံခြုံရေးစောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလိုပြောပြီးတော့ မြင်းမူကနေ စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။ မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။

နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့ တော်တော် ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့သဘော သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲဆိုတော့ မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊ မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့ အတားအဆီး အပိတ်အပင်လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ နီးပါးလောက်မှာ ရောက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက်ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့ မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက် ဖယောင်းတိုင်တွေထွန်းပြီး လိုက်ကြတဲ့သူတွေက အများကြီးပဲ။ အဲဒီမှာ အဖွဲ့ချုပ်ရုံးရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ်တင်ပြီးတော့ကာ မုံရွာအဖွဲ့ချုပ်က စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့ ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူးဆိုပြီးတော့ ဖမ်းချုပ်တယ်။

အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့ လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။ တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။
လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ်တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့ ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင် လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘဆင်းသွားတယ်။ ဆင်းသွားတဲ့အခါကျတော့ သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။

ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း ပင်ပန်းနွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော်အနေနဲ့ မနက် အာရုံဆွမ်းဖိုးပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။

မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။ ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူ အလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိ ရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော် သံဃာတော်ရှင်မြတ်များအနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ ဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့်နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေက ကျောင်းသားတွေ ရောက်လာကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကို မကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့အခါကျမှ သူတို့က ယောင်ချာ၊ယောင်ချာနဲ့ ပြန်သွားကြတယ်။
စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။

တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ်ရနေကြတယ်။ ဒါနဲ့ မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာက ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေးသွားတဲ့ အခါကျတော့ ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊ ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။

အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။ အမြှီးပိုင်းလေးလောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ ဖွဲ့စည်းတာတွေ လုပ်တယ်။

ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့ အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊ အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ ရောက်ပြီ။

၅ နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက တလျှောက်လုံး မပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရားမဟောနိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး ပြန်နှုတ်ဆက်ပြီးလာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။

ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့ အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။ စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူက အဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကားပြောဖို့ ဝင်လိုက်တယ်။ ဝင်လိုက်တဲ့အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။

လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့ လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။ စကားပြောတဲ့အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။ စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့ ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့က မောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။

ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီးအထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။ ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ကားလည်း ရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်လာတဲ့ ကားတွေ ရောက်လာတယ်။

ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့ ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကားကို ဝိုင်းပြီးတော့ လုံခြုံရေး ယူပေးတယ်။

ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ ဘဘကား ရပ်ထားတဲ့နေရာနဲ့ ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘက ကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။

ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က အရိုက်အနှက်ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ လက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။ စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊ နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ ဘာမြင်လဲဆိုတော့ မီးအနီးရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့ မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။ အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက်သလိုပါပဲ။ လမ်းဘေးက ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေနပြီ။ ရိုက်တဲ့ အသံတွေ စပြီး ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကိုလည်း ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကို ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။

အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊ ဘဘကလည်း မင်သက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊ မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့ ရပ်သွားတယ်။

သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။ နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။ နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။

ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ် လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလို ထွက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။ သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာသွားမိတယ်။

ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက်ရင်း လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့ လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘစီးလာတဲ့ကားကို လှည့်ပြီးတော့ ရိုက်တာပေါ့နော်။

ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာ ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့ အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်က ညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။

ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။ လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့ နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊ အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။

ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁ ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာက မန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလားဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေ မရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက် ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။

ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့ သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါကျ မန္တလေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။

မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊ ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး သဘာဝအတိုင်းပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေ ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊ ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန်သွားကြတယ်။ ဟိုလည်းရောက်ရော၊ အနားလည်းရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့ ဘဘတို့ကို မီးနဲ့ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။

ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။ ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။ ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။

မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။ သူတို့ကို မေးကြည့်ရဦးးမယ်။ အကောင် နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။ အားလုံးပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။ တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။

ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။ ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား ဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။

အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ အော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊ လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့ ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်းတခုခုက သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား ဆိုတာကို စဉ်းစားနေမိတယ်။

ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊ ရပ်ဆို ရပ်တာတွေကို သတိထားကြည့်မိတော့ ဒါဟာ အဖွဲ့အစည်းတခုအနေနဲ့ လာလုပ်တာပဲလို့ အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။

သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ်ဆိုပြီး သွားကြည့်တယ်။
သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့ ထင်ရတယ်။

သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့ ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့ နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ်ဆိုပြီးတော့ ကောင်းပြီဆိုပြီး လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး ပြောလိုက်တယ်။
ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့ ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊ လမ်းတဖက်တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။

အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေးတဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။ သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့ အောက်တမ်းကြတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော်အောက်တမ်းကျတဲ့ မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။

အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့ ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။ ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျင်္ီ လက်ပြတ်ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။ သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။

ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့ ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာယူခိုင်းပြီးတော့၊ ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။ အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့ သဘောလို့ ကောက်ချက်ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲဆိုတော့ ဒီပဲယင်း ရဲစခန်းကို ပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့ စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။

ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူ ပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကို မလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့က မလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက် လုံခြုံအောင်လို့ပါဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။ သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊ နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကို တွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။ ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ရတာ ဖြစ်တယ်။ ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့ အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း မီရာသတင်းတွေနဲ့ ပြတာပေါ့ဗျာ။ သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုးဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကို ပိတ်လိုက်ရပါတယ်ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘက အိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာ သွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာနေတဲ့ ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ဟာတွေ ကြားတယ်။

ဘယ်လိုကြားလိုက်လဲဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့ ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီး အော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလို ဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။

အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။ ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်း အဲဒီကနေ ပြန်လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊ အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။ တချို့လည်း ဘယ်ခွဲပို့လဲဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့ အတူတူလိုက်မယ်ဆိုပြီး ပစ္စည်းလေးယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။

ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့ ဘယ်ရောက်သွားလဲဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။

ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေ ရှိသလဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်း သွေးကြောထုံးရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်း ရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်းတင်ထားတာပေါ့ဗျာ။ ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကို တယောက်လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့ ရှိစဉ်ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။

နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက် လိုချင်တာရှိရင်၊ စားချင်တာရှိရင် မှာပါ၊ သူတို့ အကုန်လုပ်ပေးပါမယ်လို့တော့ ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။ ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။
နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့လာပြီး လုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝ ဖိုးလောက်ကတော့ မှာဖူးတယ်။

အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။ တချို့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ပတ်သက်တဲ့ ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ပတ်သက်လို့ ရေသန့်ဘူးလေး ဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံပေးတာတွေနဲ့ပတ်သက်လို့ တခုမှ မယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။

တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့် အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ရဖူးတယ်။ နောက်မှ တော်တော်လေးကြာတဲ့ အခါကျမှ ခြင်ထောင်လေးဘာလေး ပေးတယ်။ အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင် အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။

အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊ အသံမကြားရတဲ့ အခါကျတော့ ဘဘမေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့ စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကို ကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကို ရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊ လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။

ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင် အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။ လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန်ရောက်တော့ မင်္ဂလာဒုံက လူတွေ လာကြိုပြီး၊ ကျနော့်ကို ၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ်ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာ မကြာသေးဘူးပေါ့ဗျာ။

သင်ပုန်းချေရေး ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း

ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့ ကြားတယ်။ နောက်တော့ အိမ်ချုပ်ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့ အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ် လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီးသန်းထွန်းတို့၊ ပြည်ထဲရေးဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။

အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။ တဖက်က ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကို ဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့ လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံကိုယ်စားလှယ်ကို မိမိအဖွဲ့ချုပ်အနေနဲ့ ရွေးချယ်ခွင့်ပေးဖို့၊ နောက်တခုကတော့ အခုလက်ရှိ ညီလာခံ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံ မခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက ပြန်သွားတယ်။

ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊ သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟိုဘက်က သူတို့လူကြီးက အရမ်းဝမ်းသာတယ်လို့ ပြောတယ် အမရေဆိုပြီး လာပြောတယ်။ အမတို့ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။ ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကို တက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ်ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ ညီလာခံမှာ ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။

အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းက လူတွေ ပြန်တက်၊ ဥပဒေဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊ ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။

တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး နားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံတက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊ ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့တတွေက ကျန်ခဲ့မယ်။ လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့် လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့ ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင် တွေ့ဆုံဆွေးနွေးပြီးတော့ ရေးကြခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊ ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။ အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေ ခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့် အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။

ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။ သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့ အစီအစဉ်ကတော့ အဲဒီအတိုင်း မဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါဆိုပြီးတော့ ပြောတယ်။ သဘောကတော့ ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊ သဘောမတူဘူးဆိုတာက တခြားလူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က အောက်မေ့တာပေါ့နော်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့က ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်း မပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊ အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေ အားလုံးကို ကျမတို့ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကို စွန့်ပြီးတော့ ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။

ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝဟာ အဖွဲ့ချုပ်ရဲ့ တာဝန်ဖြစ်တယ်။ ဆိုလိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့ မတက်ဘူး။ ဒီနေ့
အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။ အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက်အောင်မြင်သည်အထိ ကြိုးစားသွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။

ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း ပြည်သူလူထုတရပ်လုံး တိုင်းရင်းသား အားလုံး၊ အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်တဲ့အတွက် တပ်မတော်သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့ အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့ဟာလည်း အောင်မြင်သည်အထိ ဆောင်ရွက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ်ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ဟာ အဲဒီစိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊ တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာထောက်ထားပြီးတော့ နားလည်မှုရှိပြီး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။

တွေ့ဆုံဆွေးနွေးမှု

ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။ ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက် စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာက ပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့ ဒီဖက်တို (တရားမဝင်) အစိုးရကနေ၊ တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူ ခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့ ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။ အသိအမှတ်ပြု ဂုဏ်ပြုလိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။ ၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊ ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။

အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊ မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။ နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲ အားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း ၆ဝ ကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက တော်လောက်ပြီဗျာ၊

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံ အများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီး လျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။ ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။

သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့ လုပ်တဲ့ဟာတွေကလည်း အမှန်မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီး တုံ့ပြန်တယ်ဆိုတာလည်း အဖြေမဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့ ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်က ကျရှုံးနုံနဲ့နေတဲ့ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူ လုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့ အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက်ကောင်းမွန်ပြီးတော့ အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။

သက်လုံကောင်းသော မာလိန်မှူး၏ ခေါင်းဆောင်မှု (သို့မဟုတ်) တိုက်ရေယာဉ် - ၁ဝ၃

o
စာအုပ်အမည် တိုက်ရေယာဉ် - ၁ဝ၃
စာရေးသူအမည် မောင်သော်က
စာမူခွင့်ပြုချက်အမှတ် (၃၁၃)
မျက်နှာဖုံးခွင့်ပြုချက်အမှတ် (၃၃၂)
အုပ်ရေ ၃ဝဝဝ (ပထမအကြိမ်)
၁၉၈၇ခုနှစ်၊ အောက်တိုဘာ
ပုံနှိပ်ထုတ်ဝေ ဦးနေဝင်း (ဝ၃၆၈၈)
ဘဝတက္ကသိုလ်ပုံနှိပ်တိုက်
တန်ဘိုး ၃ဝ/ကျပ်

(၁)

၁၉၈၇ ခုနှစ်ထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ဖြစ်မည်။ တိုက်ရေယာဉ် ၁ဝ၃ အား အခန်းဆက် မဂ္ဂဇင်း ဝတ္ထုရှည်အဖြစ်နှင့် ပြတ်တောင်း…ပြတ်တောင်း ဖတ်ခဲ့ရဖူး၏။ မှတ်မှတ်ထင်ထင်ကား… မရှိခဲ့။ တပ်မတော် ရေတပ်စွန့်စားခန်း ဝတ္ထုရှည်တပုဒ်အဖြစ်နှင့်သာ သဘောထားခဲ့မိ၏။ (မဆလ) မှ တပ်မတော် ဝါဒဖြန့်မှုများအား လှိုင်လှိုင်ပြုလုပ်နေသည့် ခေတ်ဖြစ်၍လည်း… သာမန်စာဖတ်သူတဦးအနေနှင့် ထိုစဉ်က… ကျနော်သည် တိုက်ရေယာဉ် ၁ဝ၃ အပေါ် လေးနက်သင့်သလောက် မလေးနက်နိုင်ခဲ့ခြင်းလည်း ဖြစ်မည်။

ပြီးလျှင်… ဆရာမောင်သော်ကနှင့်ပတ်သက်၍လည်း …တပ်မတော်ရေတပ်မှ ဗိုလ်မှူးဟောင်းတဦး…၊ ရှေ့သို့ဂျာနယ် အယ်ဒီတာချုပ်၊ ချယ်ရီမဂ္ဂဇင်းတွင် ‘မျက်နှာမသစ်မှီ အတွေးများ’ ရေးသည့် သရော်စာရေးသော စာရေးဆရာ… စသည့်… စသည့်ဖြင့်သာ သိထားခဲ့၏။ ထိုထက်ပို၍ သိနိုင်ခွင့်လည်း ကျနော့်တွင် မရှိ….။

(၂)

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအတွင်း စာရေးဆရာများသမဂ္ဂအား ဖွဲ့၏။ သမဂ္ဂခေါင်းဆောင်များထဲတွင် ဆရာမောင်သောက၏ အမည်အား တွေ့ရ၏။ စာရေးဆရာသမဂ္ဂမှ လူထုအရေးတော်ပုံကြီးတွင်၊ ကြေညာချက်များ ထုတ်၏။ ကြေညာချက်၏အောက်တွင် စာပေ၊ အနုပညာရှင်ကြီးများ လက်မှတ်ထိုးထား၏။ လက်မှတ်တွင် ဆရာမောင်သော်က၏ လက်မှတ်အား တွေ့ရ၏။

ရန်ကုန်ဆေးရုံကြီးအရှေ့ စာပေနှင့် အနုပညာရှင်များ၏ လူထုဟောပြောပွဲစင်မြင့်ထက်တွင် ဆရာအား မားမားမတ်မတ်နှင့် လူထုအား ဟောပြောနေသည်ကို တွေ့ရပြန်၏။ ဆရာ့စကားတကြောင်းဆုံးတိုင်း…. ဒီမိုကရေစီတပ်သားတို့က ထောင်နှင့်ချီကာ… တိုးပွား၍လာ၏။ ဆရာ့စကားများက လူထု၏ အသွေးအသားများအတွင်း ခွန်းအားဖြစ်စေ၏။ ခွန်အားရှိသော စကားများအား ဆရာသည်….ဆို၏။ ပြော၏။ ဟော၏။

ဆရာက …လူထုအရေးတော်ပုံကြီးအတွင်း … အရေးတော်ပုံတပ်သားကြီး…. အရေးတော်ပုံတပ်မင်းကြီးအဖြစ်နှင့် မားမားမတ်မတ် ပါဝင်ခဲ့၏။ ဒီမိုကရေစီခရီးတွင် သက်လုံကောင်းသည့် မာလိန်မှူးတဦးအဖြစ်နှင့်….။

(၃)

နိုင်ငံရေးပါတီအဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ကြသည့်အခါတွင် ဆရာသည် ဒေါ်အောင်ဆန်းစုကြည်၏ တတ်သိပညာရှင်များ အစုတွင် ပါဝင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဖွဲ့စည်းကြ၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းစည်းရုံးရေးတာဝန်ခံ တဦးအဖြစ်နှင့် ဆရာသည် အဖွဲ့ချုပ်၏ တာဝန်များအား ထမ်းဆောင်၏။

၁၉၈၉ ခုနှစ်တွင် စစ်အုပ်စု၏ ဖမ်းဆီးခြင်းအား ဆရာမောင်သော်ကခံရပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅ဝ ခုနှစ်အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့နှင့် စွဲချက်တင်ပြီး ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခြင်းအား ခံခဲ့ရသည်။

၁၉၉ဝ ခုနှစ် စက်တင်ဘာ ၂၅ ရက်… အင်းစိန်ထောင်အတွင်း အစာငတ်ခံတိုက်ပွဲဆင်နွှဲရာ၌ ဆရာသည် တိုက်ပွဲ၏ တပ်ဦး၌ ဦးဆောင်ပါဝင်ခဲ့၏။ ထောင်အာဏာပိုင်များက… ဆရာ့အား ပြင်းပြင်းထန်ထန်ဝိုင်း၍ ရိုက်နှက်ကြပြီး၊ တိုက်ပိတ်လိုက်ကြ၏။ တိုက်ပိတ်ခံရစဉ်အတွင်းမှာပင် ဆရာလေဖြတ်သွားခဲ့သည်။ လုံလောက်သည့် ဆေးဝါးကုသမှုကိုက… မရ…။

၁၉၉၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဆရာ့အား အင်းစိန်အကျဉ်းထောင်မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့၏။ လွန်စွာနောက်ကျမှ …ဆေးဝါးကုသခံရခြင်း ဖြစ်သည်။ မရတော့…။ ဇွန်လ ၁၁ ရက်နေ့တွင် ဆရာမောင်သော်က ကွယ်လွန်ခဲ့၏။

မောင်သောကရဲ့ မီးခြစ်တဆံဟာ
နောင် …… အနှစ် ၂ဝ ကြာသောအခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင် ဖြစ်လာမယ်။ ။

(အင်းစိန်ထောင်အတွင်း ဆရာရေးဖွဲ့ခဲ့သည့် ‘မီးခြစ်တဆံ’ ကဗျာမှ)

(၄)

ဆရာကွယ်လွန်ခဲ့ပြီးမှပင်… ဆရာအား ကျနော် ပိုမို၍ သိခွင့်ရခဲ့၏။ ဆရာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည့် သူများ၏ ပြောပြချက်များအရ… ဆရာ့အား မြင်ခွင့်ရ၏။ ဆရာနှင့် လုပ်ဖော်ကိုက်ဘက်၊ ရဲဘော်ရဲဘက်များမှ ရေးသားကြသည့် စာများမှ ဆရာအား သိခွင့်၊ ကျွမ်းဝင်ခွင့် ရခဲ့၏။

ထိုမှ… အင်းစိန်ထောင်အတွင်း ရေးခဲ့သည့် ဆရာ့ကဗျာများအား ဖတ်ခွင့်ရခဲ့၏။ ရွက်ဆိုခွင့်ရခဲ့၏။ လွတ်မြောက်နယ်တွင် ဆရာကဗျာများအား ကျနော်တို့ လွတ်လွတ်လပ်လပ် ရွတ်ဆိုနိုင်ခဲ့ကြ၏။

မသေသေးပါ မကျေသေးပါ

‘ဒို့အရေး’ တခွန်းဟစ်
ထောင်သုံးနှစ် အဖျင်းဆုံး
‘စာသုံးကြောင်း’ ဖြန့်ချိ
နှစ် နှစ်ဆယ်စီ သတ်မှတ်
‘မြန်မာ’ ဆိုတဲ့ အရပ်မှာ……။
မတရားသက်သက်
ရက်စက်လေတော့သည်။

တရက်လောက်သာ
စိတ်ကောက်သင့်တဲ့
အပြစ်ကလေးတခုကို ကျူးလွန်လို့
အမုန်းထောင်ဒဏ်
တသက်တကျွန်း
ကျခံလိုက်ရတာကတော့
တကယ်ပါပဲဗျာ……။ ။

ဦးညွတ်ပါ၏ …

ချစ်ရတဲ့ မိတ်ဆွေဆိုတာ
လက်တဆုပ်စာ
သူတို့ရဲ့ ကျေးဇူးတွေဆိုတာ
ငါ့အပေါ်မှာ အနန္တပါ …

(၅)

ဆရာကွယ်လွန်ခဲ့ပြီးမှပင်… ဆရာ၏ တိုက်ရေယာဉ် ၁ဝ၃ အား ခက်ခက်ခဲခဲပြန်ရှာပြီး တခုတ်တရ ပြန်၍ဖတ်မိ၏။ ပြန်ဖတ်မိသည့်အခါတွင်က… လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော် ‘ပေဖူးလွှာ’ မဂ္ဂဇင်းတွင် ဖတ်ခဲ့ရသည့် ခံစားရမှုနှင့် လုံးလုံးကွဲ၍သွားခဲ့ပြီ။ မတူတော့….။ တိုက်ရေယာဉ် ၁ဝ၃က …ဆရာ့ပခုံးပေါ်သို့ ကျရောက်လာသည့် တာဝန်အား ကျေပွန်စွာ ထမ်းရွက်ခဲ့သည့် ဆရာ၏ လူ့တန်ဖိုးသမိုင်းတခုလည်း ဖြစ်နေ၏။

ဆရာက တက္ကသိုလ်ဝင်တန်းအား အောင်မြင်ခဲ့ပြီးသည့်နောက်… သာမန်တပ်သားအဆင့်နှင့်ပင် တပ်မတော်ရေသို့ ဝင်ရောက်ခဲ့၏။ ဆရာ တပ်မတော်ရေတပ်တွင် ဝင်ရောက်ခဲ့သည့်အချိန်က … လွတ်လပ်ရေးပင် မရသေး…။ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးတပ်သား…။ တပ်ကြပ်ကြီး …ထိုမှ … တပ်မတော်ရေ၊ တိုက်ရေယာဉ် ၁ဝ၃ ၏ တိုက်ရေးယာဉ်မှူး… စသဖြင့် အဆင့်ဆင့်တာဝန်များအား ထမ်းဆောင်ခဲ့၏။

တပ်မတော်တွင် အဆင့်ဆင့်တာဝန်များအား ထမ်းဆောင်ခဲ့သော်လည်း ဆရာသည် စစ်စိတ်၊ စစ်မာန်၊ လုံးဝမရှိသည့် တပ်မတော်သားတဦးဟု ဆရာနှင့် ရင်းနှီးသည့်သူများက ဆိုကြသည်။ ဆရာက… အနုပညာစိတ်၊ စာရေးဆရာစိတ်၊ သတင်းစာဆရာစိတ်များသာ အပြည့်ဝင်စားနေသည့် စစ်သားဟု ဆရာ၏ မိတ်ဆွေရင်းများက အကဲဖြတ်ကြ၏။

စစ်ရေယာဉ်မှူးအဖြစ် ဆရာတာဝန်ယူပြီး မြန်မာ့ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ရေယာဉ် ၁ဝ၃ က …. ပင်လယ်ပြင်တွင် အသုံးပြုနိုင်သည့်ရက် …လွန်နေသည့် ရေယာဉ်ဖြစ်၏။ လွန်နေသည်မှာလည်း ၃ နှစ်ပင် ရှိပြီ။ ပြီးလျှင်… စစ်ရေယာဉ်မှ တင်ဆောင်နိုင်သည့် လူဦးရေထက် ၉ ဦးမျှ ပို၍တင်ဆောင်ထားခဲ့ရသေး၏။ ဤအတွက်ပင်… တိုက်ရေယာဉ် ၁ဝ၃ သည် သာမန်လှိုင်းလေဒဏ်ကိုပင် အံမတုနိုင်ဘဲ ပင်လယ်ပြင်တွင် သင်္ဘောပျက်ခဲ့ရ၏။ ဧရာဝတီရေတပ်စခန်းမှ ထွက်ခွာခဲ့ပြီး ( ) နာရီအကြာတွင် ပျက်စီးခဲ့ခြင်းဖြစ်၏။

“တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ပြီးသည့်နောက်တွင် ၎င်းသင်္ဘောနှင့်မျိုးတူ (ညီအမသင်္ဘော) ၉ စီးမျှ ကျန်ခဲ့ပါသည်။ ၁ဝ၃ နစ်မြုပ်ပြီးသည့်နောက်တွင် ကျန်သင်္ဘော ၉ စီးအား ကျွမ်းကျင်သူ ဆာဗေယာများဖြင့် စစ်ဆေးစေသည်တွင် ပင်လယ်ပြင်တွင် သွားရန်အတွက် လုံးဝ မသင့်လျော်သော အခြေအနေတွင် ရှိသည်ဟု တွေ့ရှိရသည့်အတွက် ရေတပ်စာရင်းမှပယ်ကာ ဖျက်သိမ်းစေခဲ့ရသည်။ ဤမျှဆိုလျှင် တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ရခြင်းမှာ အဘယ့်ကြောင့်ဆိုသည်ကို သိသင့်ပေပြီ။ သဘောင်္မှ သက်တမ်းကုန်ခဲ့ပြီဖြစ်သည်”

(တိုက်ရေယာဉ် ၁ဝ၃ အမှာစာမှ)

(၆)

လေမှုတ်သွင်းရသည့် အသက်ကယ်ရာဘာဖောင် ၂ စီးနှင့် သင်္ဘောပျက်အား စွန့်ခွာ၍ ပင်လယ်ပြင်အတွင်း ဆရာတို့သေမင်းနှင့် အံတုခဲ့ကြရ၏။ ပထမဖောင်တစီးတွင် ရဲဘော် ၉ ဦး ပါရှိပြီး ဒုတိယဖောင်တွင်က …. စစ်ရေယာဉ်မှူးဆရာ အပါအဝင် အရာရှိ အကြပ်စစ်သည် ၁၈ ဦး ပါရှိ၏။ အသက်ကယ်ရာဘာဖောင်များက အချင်း ၆ ပေရှိပြီး လူ ၆ ဦးသာ စီးနိုင်သည့် ဖောင်များဖြစ်သည်။ ၆ ဦးစာအတွက် သင့်တင့်သည့် အချိန်ကာလ အတိုင်းအတာတခုအထိ သောက်သုံးနိုင်ရန် ပါရှိသည့် သောက်ရေအား လူ ၁၈ ဦးအတွက် စနစ်တကျ စီမံခန့်ခွဲရသည်မှာ မလွယ်…။

ပင်လယ်အတွင်း အဓိကလိုအပ်ချက်က ‘ရေ’ ဖြစ်သည်။ ရေအသက် …တမနက်…။ ရေအသက်ဖြင့် အသက်ဆက်နိုင်ကြရေးအတွက် တာဝန်ရှိသူတဦးအဖြစ်နှင့် ဆရာစီမံခန့်ခွဲရသည်မှာ လွယ်ကူမည်မဟုတ်…။ မျှတမှု၊ စနစ်ကျမှု၊ မျှော်မြင်ချင့်ချိန်တွက်ချက်နိုင်မှု… တိကျပြတ်သားမှု… စသည့် စီမံဆုံးဖြတ်မှုများနှင့် ဆရာလုပ်ကိုင်ဆောင်ရွက်ခဲ့ရသည်။

“ရေ … ရေ … သောက်ရေ တခွက်လောက်ပေးပါ … စီအိုရယ်”

“ဤစကားကို ကျနော်ကြားရလိမ့်မည်သာဟု တပ်အပ်သိသည်။ ဤစကားသည် ကျနော် မကြားချင်ဆုံး စကားသာဖြစ်သည်။ ကျနော် မည်သို့မျှမတတ်နိုင်။ လိုက်လျောခွင့် မပြုနိုင်သောအရာကို သူက မချိမဆံ့တောင်းခံနေသည်။ သနားစဖွယ်တောင်းခံသည်။ သေခါနီးလူတဦး၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်လျှင် ဖြည့်ဆည်းပေးလိုသည်မှာ ကြင်နာသော ရင်ရှိသည့် လူသားတိုင်း၏ စိတ်ဖြစ်သည်။
တဖန် ယခုတောင်းခံနေသည်မှာလည်း ကျနော် ရင်းနှီးသော မိတ်ဆွေတဦး။ ကျနော့်တွင် သူ့ကို ငြင်းဆန်နိုင်သည့် နှလုံးသားမရှိခြင်းကြောင့် နားကိုပိတ်ထားလျက် မကြားချင်ယောင်ဆောင်နေရုံသာ ရှိတော့၏။ မချိတင်ကဲနှင့်ပင် သူ့အား မကြားချင်ယောင်ပြုနေခဲ့သည်။ လျစ်လျူရှုနေရသည်။ သူကလည်း ရေကိုသာ တစာစာတောင်းနေ၏။

ကျနော်စဉ်းစားသည်မှာ ဗိုလ်စောဦးသည် သေလူဖြစ်နေပြီ။ ကျနော်တို့အားလုံးက သူ့အား အသက်ရှင်စေချင်ကြသော်လည်း သူသည် သေမင်းတံခါးဝသို့ ရောက်နေပြီဖြစ်သည့် လူတဦး။ ရှားပါးလှသည့် သောက်ရေချိုတခွက်ကို မဆိုထား၊ တဘူးလုံးကိုပင် သူတဦးတည်း သောက်သည့်တိုင် အသက်ရှင်နိုင်မည် မဟုတ်တော့။ တိုက်လျှင် သူတဦးတည်း တိုက်၍ကိစ္စမပြီး။ အခြားလူမမာရဲဘော်များကိုလည်း တိုက်ရပေဦးမည်။ အချိန်မဟုတ်ဘဲနှင့် သောက်ရေနှစ်ဘူးကို အပိုသက်သက် ကျနော်မဖြုန်းနိုင်ပါ။ သေသူတွေက သေကြမည်သာ။ အသက်ရှင်နိုင်ရန် အခွင့်အလမ်းကျန်နိုင်သူများအဖို့ ဤသောက်ရေနှစ်ဘူးသည် အသက်ဆက်ခွင့်ရမည်သာ ဖြစ်၏။ အုပ်ချုပ်မှုအာဏာဟူသည် ရက်ရောစွာ စေတနာထားခြင်းနှင့် ရက်စက်စွာ တိကျပြတ်သားခြင်းတို့ ပူးတွဲလျက် သူ့နေရာနှင့်သူ သုံးရခြင်းပင် ဖြစ်သည်။

ကျနော်သည် နားမခံနိုင်သာသည့်အဆုံး၌ ပင်လယ်တွင်းမှ ဆားငန်ရေတခွက်ကို လက်လှမ်း၍ခပ်ကာ သူ့အား ပေးလိုက်၏။ တပ်ကြပ်မောင်အေးက သူ့ဦးခေါင်းကိုဖေးမကာ သူ့အား ပေးတိုက်၏။ သူသည် ရေကို တကျိုက်သောက်လိုက်ပြီးမှ ‘ဆားငန်ရေတွေပါဗျာ’ ဟု နောက်ဆုံးသော စကားကိုဆိုကာ ဘေးသို့ ခွေကျသွားလျက် စောင်းငဲ့ကျသွားသည်”

(တိုက်ရေယာဉ် ၁ဝ၃ စာမျက်နှာ ၅၆ မှ)

ဤသည်ပင် …ဆရာ့၏ ပြတ်သားသည့် စီမံမှုဆိုင်ရာ ဆုံးဖြတ်နိုင်မှု အရည်အချင်းဖြစ်သည်။ မလွယ်…။ ‘ဆားငန်ရေတွေပါဗျာ’ ဟူသည့် ဗိုလ်စောဦး၏ နောက်ဆုံးစကားအား …ဆရာမည်သို့သော နှလုံးသားနှင့် ခံစားခဲ့ရမည်နည်း…။

(၇)

အကျပ်အတည်းအခက်အခဲများ ပြင်းထန်လွန်သည့် အချိန်တွင် ခေါင်းဆောင်မှုသည် အရေးကြီး၏။ ခေါင်းဆောင်မှု ညံ့ဖျင်းပါက… ထိုခေါင်းဆောင်သည် …ခေါင်းရှောင်ဖြစ်၍သွား၏။ မည်သည့်တန်ဖိုးမျှ မရှိတော့…။ ကျဆင်းကွယ်ပျောက်သွား၏။ ပခုံးထက်တွင် ဆင်းမြန်းထားသည့် ရာထူးအဆင့်တို့သည်လည်း မည်သို့မျှ အရာမရောက်တော့…။

အကျပ်အတည်းအတွင်း ခေါင်းဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်တဦး၏ အရည်အသွေးများစွာအနက်… အနစ်နာခံစရာရှိလျှင်… ခေါင်းဆောင်မှစတင်၍ အနစ်နာခံခြင်းနှင့် ရှေ့မှ မားမားမတ်မတ် လုပ်ဆောင်နိုင်ခြင်းသည်လည်း တခုသော အရည်အချင်းဖြစ်မည်။

“ရေငတ်သည့်ဒဏ်က ပြင်းထန်လှသည့်နှင့်အမျှ မိမိ၏ ကျင်ငယ်ရေကို သောက်ကြည့်လိုသူများက မေးစမ်းကြသည်။ ကျနော်က ကျင်ငယ်ရေသည် သောက်၍ရကောင်းရမည် ဖြစ်သော်လည်း ရေငတ်မပြေစေသည့်ပြင် ရောဂါပင်ရနိုင်သည်ဖြစ်ကြောင်း ပြောကာ မသောက်ကြရန် တားမြစ်ထားခဲ့ရသည် သို့သော် ဤပြဿနာမှာ ပြေလည်မသွားပါ။ သောက်စမ်းကြည့်လိုသူများက များပြားလာသည်။

“သောက်မရပါဘူးလို့ ငါပြောပြီးသားပဲကွာ”
“မဟုတ်ပါဘူး စီအို၊ များများသောက်မကြည့်တောင် နည်းနည်းလေးသောက်ကြည့်ရင် ရမယ်ထင်တယ်၊ စမ်းကြည့်တာ မမှားပါဘူး”

သူတို့အားလုံး သေးပေါက်၍သောက်ချင်သူများ “ကဲ ရှုပ်မနေနဲ့ကွာ၊ ရေပက်ထုတ်တဲ့ ပလပ်စတစ်ခွက်ပေးစမ်း၊ ငါ့ဘာသာ အကြံထုတ်လို့ဖြစ်ရင် မင်းတို့လည်း သောက်ကြ”

“ဟေ့ကောင်တွေ ပူတယ်ကွ”

“ဟုတ်တယ် ပူတယ်၊ ပင်လယ်ရေမှာ နည်းနည်းစိမ်ထားလိုက်ရင် အေးသွားမှာပါ၊ အေးတော့ သောက်ကြည့်တာပေါ့ စီအို”

“ကဲ သောက်မယ်ဆို သောက်လို့ရပြီထင်တယ်”

ကျနော်က ဆီးခွက်ကို လှမ်းယူလိုက်သည်။ သူတို့၏ မျက်စိအစုံသည် ကျနော့်လက်တွင်းရှိ သေးခွက်နှင့် ကျနော့်မျက်နှာကိုသာ စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ကျနော်က သေးခွက်ကို နှုတ်ခမ်းတွင်တေ့ကာ တငုံစာမျှ ပါးစပ်တွင် သွင်းလိုက်သည်။ သေးတငုံစာမျှသည် ခံတွင်းဝတွင် ဝင်သွားသည်။ လည်ချောင်းတွင်းသို့မူ မဝင်သေး၊ မထွေးနိုင်မအန်နိုင်သော အခြေအနေတွင် မိမိကျင်ငယ်ရေ၏ အရသာသည် လျှာတခုလုံးကို စိမ့်ဝင်သွားသည်။

သေးတငုံစာသည် လည်ချောင်းတွင် မရောက်မီမှာပင် ကျနော့်ပါးစပ်တွင် တစ်ဆို့သည်းနင့်ကာ မွှန်သွားသည်ကြောင့် ပါးစပ်တွင်း နှာခေါင်းတွင်းမှ ပြန်ထွက်လာပါတော့၏။

“ခွပ် ခွပ် ခွပ်၊ ခွီး ခွီး၊ ငါ့လခွီး သောက်လို့မရပါဘူးလို့ ငါပြောသားပဲ .. ထွီ”

(တိုက်ရေယာဉ် ၁ဝ၃ စာမျက်နှာ ၆၁၊ ၆၂ မှ)

ဆရာက ဤသို့သော ခေါင်းဆောင်ဖြစ်သည်။

(၈)

တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ခဲ့ပြီး နှစ်ပေါင်း ၃ဝ ကြာမှ တိုက်ရေယာဉ် ၁ဝ၃ ၏ ကိုယ့်တွေ့အဖြစ်အပျက်အား ဆရာသည် ပေဖူးလွှာမဂ္ဂဇင်းတွင် အခန်းဆက်မဂ္ဂဇင်း ဝတ္ထုရှည်အဖြစ်နှင့် ၅ လဆက်တိုက် ရေး၏။ မဂ္ဂဇင်းတွင် ဖော်ပြပါရှိပြီးမှ လုံးချင်းဝတ္ထုငယ်အဖြစ်နှင့် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၃ဝ ကြာမှ တိုက်ရေယာဉ် ၁ဝ၃ အားရေးသားရခြင်းနှင့် ပတ်သက်၍ ဆရာက… စာအုပ်၏ အမှာစာတွင် ဤသို့အကြောင်းပြ၏။

“ကျနော်သည် တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ပြီးသည့်နောက် နှစ်ပေါင်း ၃ဝ တိုင်အောင် မရေးဘဲနေခဲ့ရာမှ ယခုအချိန်သည် ကျနော့်ဘဝ၏ ဆည်းဆာချိန်လည်း ရောက်ပြီ။ မြန်မာစာပေတွင် ရှိသင့်သော ရေကြောင်းစာပေတရပ်လည်း ကျန်ရစ်စေဟူသော ရည်ရွယ်ချက်နှင့်အတူ ကျနော့်ရဲဘော်များ၏ ပင်လယ်ပြင်ကို အန်တုလျက် တိုင်းပြည်တာဝန် ကျေပွန်ခဲ့မှုကိုလည်း ချီးကျူးမှတ်တမ်းတင်သည့်အနေနှင့် အကျိုးမဲ့ အချည်းနှီး မဖြစ်စေလိုသော ဆန္ဒနှင့် ဖွင့်ဟရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

နှစ်ပေါင်း ၃ဝ စောင့်ဆိုင်းနေခဲ့ခြင်းမှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း အသက်ပေးသွားခဲ့သည့် ရဲဘော်တစုတို့၏ ကျန်ရစ်မိသားစုများ စိတ်မချမ်းမသာဖြစ်ကြမည်ကို စိုးရိမ်သောကြောင့် တတ်နိုင်သမျှ နှုတ်ပိတ်ရေငုံနေခဲ့ခြင်း ဖြစ်ပါသည်”

(တိုက်ရေယာဉ် ၁ဝ၃ အမှာစာမှ)

သို့သော်…. ထိုထက်အဓိကျသည့် အခြား၊အခြားသော အကြောင်းများလည်း ရှိမည်ဟု ယူဆမိ၏။

တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ပြီး ဆရာရန်ကုန်သို့ ပြန်ရောက်ခါစ….၊ ကျန်းမာရေးအရ ခွင့်နှင့်ရှိနေစဉ်…. တိုက်ရေယာဉ် ၁ဝ၃ အား အင်္ဂလိပ်ဘာသာနှင့် ဆရာ ရေး၏။ အမေရိကန် ပြည်ထောင်စုတွင် ထုတ်ဝေသည့် စာပဒေသာမဂ္ဂဇင်းသို့ ပေးပို့ရန် ဖြစ်သည်။ စာမူအား အင်္ဂလိပ်ဘာသာနှင့် ရေးပြီးသည့်နောက်တွင် …. တည်းဖြတ်ရန်အတွက် ဂါးဒီယန်းဦးစိန်ဝင်းအား ဆရာအကူအညီတောင်း၏။ ဂါးဒီယန်းဦးစိန်ဝင်းကလည်း တိုက်ရေယာဉ် ၁ဝ၃ အင်္ဂလိပ်စာမူအား တည်းဖြတ်ပေး၏။ သို့နှင့်…. ဆရာသည် ဂါးဒီယန်ဦးစိန်ဝင်းထံသို့ အသွားအလာ စိပ်နေခဲ့ရ၏။

ထိုစဉ်က… ဂါးဒီယန်းဦးစိန်ဝင်းအား အာဏာရအုပ်စိုးသူတို့က ရန်သူတဦးအဖြစ် သတ်မှတ်ကာ စောင့်ကြည့်နေသည့် အချိန်ဖြစ်သည်။ ဤတွင်… သင်္ဘောပျက်၍ ခွင့်ရက်ရှည်ပေးထားသည့် စစ်ဗိုလ်တဦးက မည်သည့်အကြောင်းများကြောင့် ဂါးဒီယန်းဦးစိန်ဝင်းထံ နေ့စဉ်ဝင်ထွက်၍ …နေသနည်း…။ မည်သည့်အကြောင်းများအား ဆွေးနွေးကြ၊ တိုင်ပင်နေကြသနည်း…။

မကြာ… ဆရာ့အား ထောက်လှမ်းရေးများက ဖမ်းဆီး၍ အင်းစိန်ထောင်သို့ ပို့လိုက်လေ၏။ ၄ နှစ်မျှ အင်းစိန်ထောင်အတွင်း ဆရာနေလိုက်ရသည်။

ဆရာက… တိုက်ရေယာဉ် ၁ဝ၃ အား ပေဖူးလွှာတွင် ရေးသည့် အခါတွင်လည်း… အခန်းဆက်ဝတ္ထုရှည်အဖြစ် အပိုင်း ၇ ပိုင်းအထိ ရေးရန် ရည်ရွယ်ထား၏။ သို့သော်… အပိုင်း ၆ နှင့် အပိုင်း ၇ တို့အား ဆရာမရေးဖြစ်ခဲ့…. မရေးဖြစ်သည့် အကြောင်းအား ဆရာက….

“ကျနော် ဆက်လက်ရေးသားရန် ရည်ရွယ်ရင်းရှိသည့်အပိုင်းမှာ ကျနော်တို့ သေရွာပြန်များ အသက်မသေဘဲ ရန်ကုန်ပြန်ရောက်ပြီးသည့်နောက်တွင် တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ခြင်းနှင့်ပတ်သက်ကာ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ဖြင့် ကျနော်တို့အား စစ်ဆေးကြပုံ၊ ၎င်းအဖွဲ့၏ ထောက်ခံချက်အားဖြင့် စစ်ရေယာဉ်မှူးဖြစ်သူ ကျနော့်အား စစ်တရားခုံရုံးတွင် စွဲချက် ၄ ရပ်တင်ကာ စစ်ဆေးကြပုံ စသည် စသည်များနှင့် တိုက်ရေယာဉ် ၁ဝ၃ ကို ရှာပုံတော်ဖွင့်ကြပုံ၊ ထိုခေတ်က ထုတ်ဝေသည့် မြန်မာသတင်းစာလောကမှ သတင်းရေးသားပုံ၊ နိုင်ငံခြားထုတ် သတင်းစာများက ကျနော်တို့အကြောင်း ရေးသားပုံ စသည့် အချက်အလက်များ ဖြစ်ပါသည်။
သို့သော်… သက်ဆိုင်ရာပုဂ္ဂိုလ်များက ဤသည်တို့မှာ တပ်မတော်နှင့်သာ သက်ဆိုင်သော ကိစ္စများ၊ သတင်းစာလောက၏ ထင်ဟပ်ချက်များသာလျှင် ဖြစ်ခြင်းကြောင့် ဖြုတ်ပယ်ထားသော် ကောင်းအံ့ဟု အကြံပြုသည့်အတွက် ယင်းပုဂ္ဂိုလ်တို့က စေတနာနှင့်ပေးသော အကြံအရ ဖြုတ်ပယ်ချန်ထားခဲ့ရခြင်း ဖြစ်ပါသည်”

(တိုက်ရေယာဉ် ၁ဝ၃ နောက်ဆက်တွဲအမှာစာမှ)

ဆိုလိုသည်ကား… (မဆလ) ဆင်ဆာက ခွင့်မပြုဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ တိုက်ရေယာဉ် ၁ဝ၃ တွင် မပါရှိခဲ့သည့်… အပိုင်း ၆ နှင့် အပိုင်း ၇ တို့အား ဖတ်ကြည့်ခွင့်ရခဲ့လျှင်ကား….။

ဒီပဲယင်း လုပ်ကြံမှု ကြိုးကိုင်သူများ USDP တွင် ခေါင်းဆောင်

စိုင်းဇွမ်ဆိုင်း Monday, May 31, 2010
http://www.irrawaddy.org/bur/index.php/news/1-news/3272--usdp-
1
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ထိပ်ပိုင်း ခေါင်းဆောင် တချို့သည် ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များကို ဒီပဲယင်းတွင် တိုက်ခိုက်ခဲ့သည့် လုပ်ကြံမှု၌ အဓိကကြိုးကိုင်သူများ ဖြစ်ကြောင်း တွေ့ရသည်။

[အရပ်ဝတ်ဖြင့် တွေ့ရသော ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီးတချို့။ ဦးသိန်းစိန် အပါအ၀င် ၂၇ ဦးက USDP ပါတီကို ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ကြောင်း စစ်အစိုးရ မီဒီယာများတွင် ဖော်ပြခဲ့သည် (ဓာတ်ပုံ - AP)]

အရပ်ဝတ်ဖြင့် တွေ့ရသော ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီးတချို့။ ဦးသိန်းစိန် အပါအ၀င် ၂၇ ဦးက USDP ပါတီကို ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ကြောင်း စစ်အစိုးရ မီဒီယာများတွင် ဖော်ပြခဲ့သည် (ဓာတ်ပုံ - AP)
ယင်း USDP ပါတီတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင် ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့တွင် ၇ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော ဒီပဲယင်း လုပ်ကြံမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဓိက ညွှန်ကြားမှုဖြင့် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်း က အကောင် အထည်ဖော် ခဲ့ကြောင်း၊ ယင်း လှုပ်ကြံမှု အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် အနောက် မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တွင် သီးသန့် ရုံးထိုင်ပြီး (နမခ) တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင်ကို ဆက်လက် ကွပ်ကဲစေခဲ့ကြောင်း သိရှိရသည်။

ဒီပဲယင်း လုပ်ကြံမှုကို အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့သော အဝေးရောက် အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့(NCGUB)မှ ဦးဇင်လင်းက“အဲဒီတုန်းက ရခဲ့တဲ့ သတင်းတွေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဘယ်သူ့ကိုမှ မသိစေဘဲနဲ့ အဲဒီကိစ္စကို ဦးဆောင်ခိုင်းတာ၊ သူကနေတဆင့် ဗိုလ်ချုပ် စိုးနိုင်၊ ဦးအောင်သောင်းတို့ကို ခိုင်းတာ၊ ဗိုလ်ချုပ် စိုးနိုင်က နမခ တိုင်းမှူး ဆိုတော့ သူက Field Commander ပေါ့၊ အဲဒီကိစ္စကို စစ်ဆင်ရေးတခုလို သဘောထားပြီး သေချာ စနစ် ဇယားချပြီး လုပ်ခဲ့ကြ တာ” ဟု ပြောသည်။

ဒီပဲယင်း လုပ်ကြံမှု၌ ကြိုးကိုင်ခဲ့သူများ ဖြစ်သည့် မကြာသေးခင် စစ်တပ်ရာထူးများမှ နုတ်ထွက်ထားသော ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးနိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်း တို့နှင့် တခြားသော စစ်ဗိုလ်ချုပ် ဟောင်း များအပါအဝင် ဒု ဗိုလ်မှူးကြီးဟောင်း အမှတ်(၁) စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းလည်း အဆိုပါ USDP ပါတီတွင်ပါဝင်ကြောင်း သိရသည်။

နအဖ စစ်အစိုးရအုပ်စုမှ ဗိုလ်ချုပ်အများစုသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လက်ရှိ စစ်ရာထူးများမှ နုတ်ထွက်လိုက်ကြကာ အရပ်သားများအဖြစ်သို့ ကူးပြောင်းလိုက်ကြပြီး ဖြစ်သည်။

“ဒီပဲယင်းလုပ်ကြံမှုမှာ အဓိကပါတာကတော့ ပြည်ခိုင်ဖြိုးလို့ သူများတွေခေါ်တဲ့ ကြံ့ဖွံ့အဖွဲ့ပေါ့၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ် တွေက လည်း ကြံ့ဖွံ့အဖွဲ့ရဲ့ ဦးသျှောင်အဖွဲ့ထဲမှာ ပါကြတယ်”ဟု NCGUB မှ ဦးဇင်လင်းက ဧရာဝတီသို့ ပြောသည်။

လုပ်ကြံမှု ဖြစ်ပွားခဲ့သော ဒီပဲယင်းမြို့နယ်သည် စစ်ကိုင်းတိုင်းတွင် ပါရှိပြီး လုပ်ကြံမှုကို ထိုစဉ်က အနောက်မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်တို့က အဓိက ဦးဆောင်ကာ စစ်ကိုင်း တိုင်းနှင့် မန္တလေးတိုင်းတို့မှ ကြံ့ဖွံ့အဖွဲ့ဝင်များပါဝင်သည်။ ဗိုလ်ချုပ်ရဲမြင့်ကိုမူ USDP တွင် ပြန်လည် နေရာပေးခြင်း မတွေ့ရပေ။

ဒီပဲယင်းလုပ်ကြံမှုကြီးတွင် နအဖ အစိုးရဘက်မှ လူအင်အား ၅၀၀၀ ခန့်က ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို တုတ်၊ ဓား၊ ခဲများနှင့် တိုက်ခိုက်ခဲ့ကြပြီး ခန့်မှန်းခြေ လူ တရာခန့် သေဆုံးခဲ့ ကြသည်ဟု လေ့လာသူများက ဆိုသည်။

ယင်း လုပ်ကြံမှုမှ လွတ်မြောက်လာသူ NLD ဒု- ဥက္ကဌ ဦးတင်ဦးက တိုက်ခိုက်သူများသည် အင်အား ၅၀ ခန့်စီ အုပ်စုဖွဲ့လျက် တိုက်ခိုက်ကြကြောင်း၊ တိုက်ခိုက်သူများထဲတွင် အမျိုးသမီးများပင် ပါဝင်ကြောင်း မကြားသေးမီက ပြောခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP)အတွင်းရေးမှူး ဦးအေးသာအောင်က“ဒီပဲယင်း လုပ်ကြံမှုလိုမျိုး ရာဇဝတ်မှုတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့ လူတွေက အခုလိုမျိုး ပါတီတွေထောင်ပြီး နိုင်ငံရေး နယ်ပယ်ထဲမှာ ပါဝင်လာမှာကို ကျနော်တို့မလိုလားပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဒီပဲယင်း လုပ်ကြံမှုတွင် အဓိက ပတ်သက်ခဲ့သည့် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ၂၀၀၇ အောက်တိုဘာလတွင် သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် ဈာပနအဖြစ် အသိအမှတ်ပြု ကျင်းပပေးခဲ့သည်။