Friday, April 23, 2010

X2 O ဗုံးပေါက်ကွဲမှုတွင် သေဆုံး သောသူများထဲမှ နအဖ များ စရင်း

http://komoethee.blogspot.com/2010/04/x2-o.html ဒီလင့်လေးမှာရရှိပါတယ်။
၁၅.၄.၂၀၁၀ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပါတ်လမ်း၊x2o (special one) မဏ္ဍပ်တွင် လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ကြသူများ နှင့်ပြင်းထန်စွာထိခိုက်ဒါဏ်ရာရသူများ ။


၂၂.၄.၂၀၁၀

၁။ ဗိုလ်မှုးကြီးအုန်းချို အမှတ်(၄)စစ်ဒေသမှုး (အသက်လုနေရဆဲ) မဏ္ဍပ်

စစ်ဆေးရေးခေါင်းစဉ်ဖြင့် VIP သားသမီးများ လုံခြုံရေးတာဝန်ယူထားရသူ။

၂ ။ ရဲမှုး မင်္ဂလာတောင်ညွန့်မြို့နယ် (ဒါဏ်ရာပြင်း) ( ။ )

၃ ။ဒုရဲအုပ်မောင်မောင်ဟန် ။ ( ။)

၎ ။ဒုရဲအုပ် ။ ( ။ )

၅ ။ဗိုလ်ကြီးသန့်စင်သိမ်း DSAအပါတ်စဉ် -၄၀- ( ပွဲချင်းပြီး )

မင်္ဂလာတောင်ညွန့်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှုး၊ VIP သားသမီးများ မဏ္ဍပ်ရေမပြတ်လပ်ရေးတာဝန်ယူထားသူ ။

၆ ။ဦးကျော်ငြိမ်း - မယကဥက္ကဌ မင်္ဂလာတောင်ညွန့်မြို့နယ် (ဒါဏ်ရာပြင်း)

မဏ္ဍပ်လုံခြုံရေးတာဝန် ။

၇ ။ဦးခင်မောင်လေး- ရယက ၊ ရာအိမ်မှုး ။ ( ပွဲချင်းပြီး ) မဏ္ဍပ်လုံခြုံရေးတာဝန် ။

၈ ။မောင်စိုးမိုးထွန်း - ကြံ့/ဖွံ့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းဝင်း လိုင်း(၁) အခန်း(၁၀) နေ၊ ရဲတပ်ကြပ်မင်းထွန်း၏သား ၊(၁၉.၄.၁၀တွင်ရန်ကုန်ဆေးရုံကြီးတွင်သေ)၊မဏ္ဍပ်လုံခြုံရေးတာဝန် ။

၉ ။မောင်စိုးဝင်း - ကြံ့/ဖွံ့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ။ ( ပွဲချင်းပြီး ) မဏ္ဍပ်လုံခြုံရေးတာဝန် ။

၁၀။ကိုအောင်ကိုကိုမောင်-ကြံ့/ဖွံ့၊မင်္ဂလာတောင်ညွန့်မြို့နယ်။ (ပွဲချင်းပြီး ) မဏ္ဍပ်လုံခြုံရေးတာဝန် ။

၁၁။မသီတာပြုံး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ( ပွဲချင်းပြီး )

၁၂။ ဒေါ်ဌေးဌေးရီ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ( ပွဲချင်းပြီး )

၁၃။ ဒေါ်နီနီသိန်း- မင်္ဂလာတောင်ညွန့်မြို့နယ် ။ ( ပွဲချင်းပြီး )

၁၄။ ကိုကြင်အောင်-ဗဟန်းမြို့နယ် ။ ( ပွဲချင်းပြီး )

၁၅။မောင်ပိုင်ပိုင်ဦး - ၁၇.၄.၁၀ ရန်ကုန်ဆေးရုံကြီးတွင်သေ

၁၆။ကိုကိုကြည် -အောင်လံသား ၊ ဒါဏ်ရာပြင်း၊ VIP သားသမီးများမိတ်ကပ်ပြင် ။ ( Gay Person )

ရန်ကုန်ဆေးရုံကြီး၌ ဆက်လက် ဆေးကုသမှု ခံယူနေရသူများမှာ ၊

ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၂၀ ခန့်မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ(ရယက ၊ မယက)

အဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ ၊ ကြံ့/ဖွံ့ များဖြစ်ပြီး ၊ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးဗိုလ်ချုပ်မောင်ဦး ကိုယ်တိုင်

ရန်ကုန်ဆေးရုံကြီး သို့သွားရောက်အားပေးစကားပြောခဲ့ကြောင်း ၂၂.၄.၁၀ထုတ်ကြေးမုံ သတင်းစာတွင် တရားဝင် ဖေါ်ပြထားသည်။

သို့ဖြစ်ရာ အပြစ်မဲ့ပြည်သူကြားတွင်ဗုံးခွဲသည်လား ၊

စစ်အာဏာရှင်စနစ်တွင်ပါဝင်ပါတ်သက်သူများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်သည်လား အဖြေကား တ စစ ရှင်းပါချေပြီကော။

No comments:

Post a Comment